International
တစ်အိမ်လုံးမီးလောင်သောကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးလိုက်ရသည့် ၈နှစ်အရွယ်ကလေးလေး ခြေတု၊လက်တုရရှိ
၊ မိုးမင်းထွန်း ၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာနေထိုင်တဲ့ မိန်းကလေးငယ်လေးဟာ ဆောင်းရာသီအားလပ်ရက်အတွင်းမှာ လူသန်းပေါင်းများစွာရဲ့ အသည်းနှလုံးကိုဖမ်းစားနိုင်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကရှို့မီးတစ်ခုကြောင့် ဆက်ဖိုင်ယာတယ်ရီတို့အိမ်တစ်ခုလုံး မီးလောင်သွားခဲ့ပြီး သူရဲ့ဖခင်နဲ့မောင်နှမသုံးယောက်တို့ သေဆုံးသွားခဲ့ပါတယ်။ မီးတောက်တွေဘေးက သူ့ကိုကာပေးရင်းသေဆုံးသွားတဲ့ ဖခင်ရဲ့ဘေး အပျက်အစီးအစအနတွေကြားမှာ ဆက်ဖိုင်ယာကိုအသက်မသေဘဲ တွေ့ရှိခဲ့ရတာပါ။ မီးကြောင့်သူ့မှာ...