လေထုညစ်ညမ်းတာကြောင့် အသက်ရှုလမ်းကြောင်းကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ညစ်ညမ်းတဲ့ အခိုးအငွေ့တွေကို ရှုရှိုက်မိတဲ့အခါ ခန္ဓာကိုယ်ထဲက ပြင်ပပစ္စည်းတွေကို တွန်းလှန်ပစ်တာကြောင့် ရောင်ရမ်းမှုဖြစ်လာပါတယ်။ ကြာရှည်ရောင်ရမ်းတာဟာ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်အားနည်းမှု ဖြစ်စေနိုင်ပါတယ်။ ညစ်ညမ်းတဲ့လေနဲ့ တာရှည်ထိတွေ့ ရတာကြောင့် ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။...
————-၊ စူး (ဆေးဝါးတက္ကသိုလ်) ၊————— အသက်ရှူတဲ့အခါမှာ အခြေခံကျတဲ့ နည်းလမ်းကတော့ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကို ထပ်တလဲလဲ လုပ်ဆောင်တာ တစ်ခုတည်းမဟုတ်ပါဘူး။ အသက်၀၀ရှူသွင်း၊ ရှူထုတ်တာက စိတ်နဲ့ခန္ဓာကိုယ်ကို အားအင်တွေ ရရှိစေပါတယ်။ အသက်ရှူတဲ့အပေါ်မှာ စိတ်ကို စူးစိုက်ထားရှိတာဟာ အာရုံစူးစိုက်အားကောင်းတာ၊ အကောင်းမြင်စိတ်ရှိတာ၊...
– မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ဒီနည်းက ယောဂကျင့်စဉ်နဲ့ အသက်ရှူသွင်းတဲ့ နည်းလမ်းတွေကို ပေါင်းစပ်ပြုလုပ်ထားတာဖြစ်ပြီး ၀မ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်သန်စွမ်းစေပါတယ်။ (၁) ရင်ဝမ်းတားကြွက်သားသုံးပြီး အသက်ရှူခြင်း အသက်ပြင်းပြင်းရှူသွင်းတဲ့ ဒီနည်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ၀မ်းဗိုက်ကြွက်သားရှိအဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဖျာတစ်ချပ်ပေါ် ပက်လက်လှန်လှဲလျောင်းပြီး ၀မ်းဗိုက်ပေါ်လက်တင်ကာ...