Healthy Life Ad
Health Tips

နားစည်ပေါက်ခြင်း (Perforated eardrum)

ဒေါက်တာတင့်ဆွေ

ကျွန်တော်က ယခု (့)တွင် အလုပ်လုပ်နေပါတယ်။ (၁၃-၃-၂၀၁၁)ကစပြီး နားကိုက်နေပါသည်။ ပထမခံစားရတဲ့နေ့က နားထဲကယားလို့ နားကြပ်တံနှင့် ကြပ်ကြည့်ရာ နားထဲတွင် သွေးများရှိနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် General Hospital သို့ သွားပြရာ နားအကြားအာရုံစစ်ဆေးခြင်း၊ နားစည်အတွင်းသို့ ကင်မရာနှင့် ကြည့်စစ်ဆေးပေးရာ နားစည်နှစ်ဖက်လုံး ပေါက်နေကြောင်းပြပါသည်။ ယခု CILOXAN 5 ml Alcon ဆေးရည် ၄ ဗူး ပေးလိုက်ပါသည်။ တနေ့ ၃ ကြိမ်၊ တခါထည့် ၃ စက်၊ ၂ ပတ် ထည့်ရမည်လို့ ပြောပါသည်။ နောက် ၃ လကြာပြီး ပြန်လာပြရမည်လို့ မှာလိုက်ပါသည်။ ထို့ကြောင့် နားစည်ပေါက်ရင် ကုလို့ရပါသလား၊ ဘယ်အရွယ်မှာ အကြားအာရုံကို ထိခိုက်လာနိုင်မလဲ။ ယခုတော့ ကြားနေရပါသည်။ အသက်ကြီးလာရင် အခက်တွေ့နိုင်ပါသလား။ လိုအပ်ရင် ကြည့်ရှုစစ်ဆေးနိုင်ရန် ဆေးရုံမှ ရိုက်ပေးလိုက်သော နားစည်အတွင်းပိုင်း ဓာတ်ပုံပါ ပူးတွဲပို့လိုက်ပါသည်။ ကုလို့ရပါ့မလား။

နားကို ခန္ဓာဗေဒအရ အပိုင်း ၃ ပိုင်းခွဲထားပါတယ်။ Eardrum (Tympanic membrane) နားစည်နောက်မှာ လေနဲ့ပြည့်နေတဲ့ Middle ear နားအလယ်ပိုင်းရှိတယ်။ နှာခေါင်းနဲ့ နားအလယ်ပိုင်းက Eustachian tube ဆိုတဲ့ လမ်းကြောင်း (ပြွန်) နဲ့ ဆက်နေတယ်။ နားထဲကလေဟာ အဲဒီလမ်းကနေ ပြန်ထွက်တယ်။

နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေတယ်။

၁. Hearing အသံလှိုင်းက လာရိုက်ခတ်ရင် အာရုံကြောကတဆင့် အသံကြားရတယ်။

၂. Protection အလယ်နားပိုင်းကို အပြင်လောကကနေ အကာအကွယ်ပေးထားတယ်။

နားစည် ဘာလို့ပေါက်ရသလဲ –

•Middle ear infection (Otitis media) နားအလယ်ပိုင်း ပိုးဝင်တာကနေ ထွက်တဲ့အရည်ရဲ့ ဖိအားကြောင့် နားစည်ပေါက်ရတယ်။

•Barotrauma နားစည်ရဲ့ အတွင်းပိုင်းနဲ့ အပြင်ဘက်မှာ Air pressure လေဖိအား သိပ်ခြားနာတဲ့အခါမှာ ဖြစ်တယ်။ Airplane ear လို့ ခေါ်ကြတယ်။ Scuba diving လုပ်ရင်လည်း ဖြစ်တတ်တယ်။

•Acoustic trauma သေနတ်သံလို၊ Explosion ပေါက်ကွဲသံ၊ Loud noise ကျယ်လွန်းတဲ့အသံကြောင့် ဖြစ်တယ်။

•Foreign objects နားထဲကို အပြင်ပစ္စည်း တခုခုဝင်ရာကနေ ဖြစ်တယ်။

•Severe head trauma ခေါင်းကို အပြင်းအထန် ခိုက်မိရာကနေ ဖြစ်တယ်။

“တချို့မှာ ခွဲစရာမလိုဘဲ အပေါက်ကပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဖို့ ရက်သတ္တပတ် နည်းနည်းကနေ လနည်းနည်းအထိ ကြာနိုင်တယ်။ Ear drops နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကု-ဆရာဝန် ညွှန်တာသုံးပါ။”

• သိပ်အေးလွန်းတဲ့ ဥတုကြောင့်လည်း အအေးမိရာကနေ ဖြစ်စေနိုင်သေးတယ်။

နားစည် ပေါက်နေရင် –

•Consistent ear pain that stops suddenly နားက နာနေမယ်။ နောက်ရုတ်တရက် နာတာပျောက်သွားတယ်။

•Clear, pus-filled or bloody drainage from your ear နားကနေ အရည်-ပြည်-သွေးထွက်မယ်။

•Hearing loss နားအကြား ထိခိုက်မယ်။

•Ringing (Tinnitus) နားထဲ ဆူညံသံတွေ ကြားနေရမယ်။

•Spinning sensation (Vertigo) ခေါင်းပတ်ချာလည် မူးမယ်။

•Nausea or vomiting မူးရာကနေ ပျို့-အန်ချင်မယ်။

Complications နောက်ဆက်တွဲ ခံစားရမှာတွေကတော့ –

၁. Hearing loss နားမကြားတာ၊

၂. Middle ear infection (Otitis media) နားအလယ်ပိုင်း ရောင်ရမ်းတာ၊

၃. Middle ear cyst (Cholesteatoma) နားအလယ်ပိုင်း အိတ်ဖြစ်လာတာ၊

တချို့မှာ ခွဲစရာမလိုဘဲ အပေါက်ကပိတ်ပြီး ပျောက်သွားမယ်။ ပျောက်ဖို့ ရက်သတ္တပတ် နည်းနည်းကနေ လနည်းနည်းအထိ ကြာနိုင်တယ်။ Ear drops နားထည့်ဆေးတိုင်း နားစည်ပေါက်သူနဲ့ မတည့်ပါ။ နားအထူးကု- ဆရာဝန် ညွှန်တာသုံးပါ။ CILOX-AN Eye Drop မှာ Ciprofloxacin hydrochloride ပါတယ်။ ပိုးတွေကို နိုင်တဲ့ဆေး ဖြစ်တယ်။ နာတာရှည် ပိုးဝင်နေရင် ရေချိုး-ရေကူးတိုင်း နားကို Ear plug ဆို့စရာ တပ်ရတတ်မယ်။ ၆-၈ ပတ်နဲ့ မပျောက်ရင် ခွဲစိတ်ဖို့ လိုနိုင်တယ်။ Paper patch တခုခုနဲ့ ဖာထေးတာရယ် Tympanoplasty ခွဲစိတ်ပြုပြင်နည်းရယ် ရှိတယ်။ ကံမကောင်းရင်တော့ နှစ်တွေကြာနိုင်တယ်။ တချို့ကြ ပြန်မရတတ်ဘူး။ွှ Tympanoplasty ခွဲစိတ်ကုသတာက ၈၅-၉၀ ရာခိုင်နှုန်း အောင်မြင်တယ်။ တချို့မှာ နောက်တခါ ထပ်ခွဲရတတ်တယ်။

Most Popular

Healthy Life Ad
To Top