Healthy Life Ad
Q & A

တီဘီဆေးသောက်ပြီး ပြန်ပြဖို့ လို၊ မလို

မေး ။ အဆုတ်ရေ၀င်တာ တီဘီဆေး ၇ လသောက်လို့ ကောင်းသွားပါပြီ။ ဒီနှစ်တစ်နှစ်ပြည့်ရင် ပြန်ပြဖို့ လို အပ်ပါသလား ဆရာမ။
Mon Lay (FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ ဆရာဝန်နဲ့ ပြန်ပြဖို့ လိုအပ်ပါတယ်။ တီဘီဆေးသောက်တာ ပြည့်သွားရင် အဆုတ်ဓာတ်မှန် ပြန်ရိုက်ရပါမယ်။ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် တကယ်ကောင်းသွားပြီလားဆိုတာ သေချာဖို့ပြနေကျ ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top