Healthy Life Ad
International

ဖိနပ်ဆိုဒ်ကြီးလေ ဖောက်ပြန်ဖို့ ပိုများလေဟုဆို

မိုးမင်းထွန်း

လေ့လာမှုအသစ်တစ်ခုက ခြေထောက်အရွယ်အစားနဲ့ လူမှုရေးဖောက်ပြန်မှုအကြား အံသြစရာဆက်စပ်မှုကို ဖော်ထုတ်လိုက်ပါတယ်။ ဖိနပ်ဆိုဒ်ကြီးလေလေ ဖောက်ပြန်ဖို့ ပိုများလေလေလို့ ဆိုပါတယ်။ ဖိနပ်ဆိုဒ် ၁၀ နဲ့ ၁၀ အထက်ရှိသူ အမျိုးသားတွေဟာ တခြားဆိုဒ်သေးစီးသူတွေနဲ့ နှိုင်းယှဉ်ရင် သူတိုရဲ့အဖော်အပေါ် လိမ်ညာဖို့ နှစ်ဆပိုများတယ်လို့ သိရပါတယ်။

စုံတွဲရှာဖွေတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုက သူတို့ရဲ့ ၀က်ဘ်ဆိုဒ်အသုံးပြုသူ အမျိုးသား ၁၅၀၀ကျော်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ လူတွေက ဖိနပ်ဆိုဒ်နဲ့ ပွေရှုပ်မှုတို့အကြား အဆက်အစပ်ရှိတာကို မယုံမကြည်ဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့ အချက်အလက်တွေအရတော့ ဒါကိုငြင်းလို့မရပါဘူးလို့ ၀က်ဘ်ဆိုဒ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဝက်ဘ်ဆိုဒ်မှာ မှတ်ပုံတင်ထားတဲ့ အမျိုးသား ၈၅ ရာခိုင်နှုန်းကျော်ဟာ ဖိနပ်ဆိုဒ် ၁၀ နဲ့ ၁၀ အထက်ရှိကြပြီး ၁၅ ရာခိုင်နှုန်းက ဆိုဒ် ၉ နဲ့ ၉အောက်ရှိကြတယ်လို့သိရပါတယ်။ ပွေရှုပ်တဲ့အမျိုးသားတွေရဲ့ ပျမ်းမျှဖိနပ်ဆိုဒ်က ၁၀ ဒသမ ၅ ရှိပြီး သစ္စာရှိအမျိုးသားတွေရဲ့ဆိုဒ်က ၇ နဲ့ ၉ အကြားရှိတယ်လို့ သူတို့ကဆိုပါတယ်။ အချက်အလက်တွေအရ ခြေထောက်သေးတဲ့ ခင်ပွန်းပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေက ညမှာအေးအေးချမ်းချမ်း သက်သောင့်သက်သာ အိပ်စက်နိုင်မယ့်ပုံပါပဲလို့ ပြောပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဖိနပ်ဆိုဒ်နဲ့ ပွေရှုပ်မှုတို့ရဲ့ အဆက်အစပ်က အမျိုးသမီးတွေမှာတော့ မတွေ့ရဘူးလို့ သိရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လေ့လာမှုရလဒ်က လက်တွေ့ဖောက်ပြန်ခဲ့တဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ကိုက်ညီနေပါတယ်။ ပွေရှုပ်တယ်လို့ နာမည်ကြီးတဲ့ ဘီလ်ကလင်တန်၊ တိုက်ဂါးဝုဒ်၊ ဟူးဂရန့်နဲ့ ဂေဗင်ရို့စ်ဒေးတို့ရဲ့ ဖိနပ်ဆိုဒ်တွေက အနည်းဆုံး ၁၀ ရှိကြတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top