Healthy Life Ad
International

အရိုးကင်ဆာကြောင့် ခြေထောက်ဖြတ်ထားရသည့် ဘဲလေးကချေသည်ကျောင်းသူ

၊ မိုးမင်းထွန်း ၊

ကတာကိုခုံမင်တဲ့ အမေရိကန်ပြည်ထောင်စုမှ ဘယ်လာရီနာဂက်ဘီဟာ အသက် ၉ နှစ်အရွယ်ကတည်းက သူရဲ့ဒူးခေါင်းမှာ အရိုးကင်ဆာရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။


ဂတ်ဘီဟာ အကျိတ်ကိုခွဲစိတ်နိုင်မယ့် အရွယ်အစားအထိ ကျုံ့သွားအောင် ၁၂ ပတ်ကြာ ဆေးသွင်းကုသမှု ခံယူခဲ့ရပါတယ်။ Rotationplasty နည်းကိုသုံးပြီး ကုသမှုခံယူခဲ့ရပါတယ်။ ဒီနည်းက ရောဂါဖြစ်နေတဲ့ဒူးကို ဖြတ်တောက်ပြီး ခြေထောက်ကို ၁၈၀ ဒီဂရီလှည့်ကာ အပေါ်ပိုင်းခြေထောက်နဲ့ ပြန်ဆက်နည်းပဲဖြစ်ပါတယ်။ သူမှာ ဒူးမရှိတော့ဘဲ ခြေချင်းဝတ်က ဒူးလို လုပ်ငန်းလုပ်ဆောင်ရပါတယ်။


ခွဲစိတ်မှုက သူကို အသင့်အတင့်လှုပ်ရှားနိုင်အောင်တော့ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါက ကတာကိုချစ်မြတ်နိုးတဲ့ ဂတ်ဘီအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ပေမယ့် သူကအလျှော့မပေးဘဲ ပုံမှန်အတိုင်းလှုပ်ရှားနိုင်အောင် ကြိုးစားခဲ့ပါတယ်။ အကူအညီမပါဘဲ လမ်းလျှောက်နိုင်အောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး နောက်ပိုင်းမှာ သူ့ခန္ဓာကိုယ်အလေးချိန်ကို ခြေထောက်က ခံနိုင်ရည်ရှိလာခဲ့ပါတယ်။ ပြန်လည်သန်စွမ်းရေးလုပ်ဆောင်ပြီး တစ်နှစ်အကြာမှာတော့ ဂတ်ဘီဟာ ခြေထောက်အတုနဲ့ ဘဲလေးအက ပြန်ကနိုင်ခဲ့ပါတယ်။


အခုအခါ ဘဲလေးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေပြီဖြစ်တဲ့ ဂတ်ဘီဟာ အကဆရာတွေနဲ့ အကဖော်တွေရဲ့အားကိုးစရာ ဖြစ်နေခဲ့ပါပြီ။ ကလေးကင်ဆာလူနာတွေကို ကူညီမှုပေးနေတဲ့ လူမှုရေးအသင်းမှာလည်း ဂတ်ဘီက ၀င်ရောက်ကူညီနေပြီး အဖွဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ပါတယ်။ သူ့မိခင်ကတော့ ဂတ်ဘီဟာ ဆုံးဖြတ်ချက်ပြတ်သားတဲ့ ကလေးတစ်ယောက်ဖြစ်ပြီးတော့ မသန်စွမ်းသူတစ်ယောက်လို့တောင် မမြင်တော့ဘူးလို့ သူကပြောပါတယ်။ ဂတ်ဘီက အသက်ကြီးတဲ့အခါမှာ ကလေးကင်ဆာကုသရေးကိုရှာဖွေတဲ့ သိပ္ပံပညာရှင်ဖြစ်လိုတယ်လို့ သူရည်မှန်းချက်ကိုပြောပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top