၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အရေပြားပေါ်က အသားသီးတွေဟာ အများအားဖြင့် အန္တရာယ်မရှိပါဘူး၊ နာကျင်မှုလည်းမရှိပါဘူး။ အသားသီးဖြစ်တာက အဝလွန်တာ၊ ဆီးချိုရောဂါစတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သိပ္ပံပညာရှင်တချို့ကဆိုပါတယ်။ ဟော်မုန်းမမျှတတာကြောင့်လည်း အသားသီးဖြစ်တတ်တယ်လို့ ပြောကြသူတွေလည်းရှိပါတယ်။ အသားသီးတွေက မျက်ခွံ၊ လည်ပင်း၊ ရင်ဘတ်တစ်ဝိုက်၊ ချိုင်းအောက်နဲ့...
၊ ကိုထက် ၊ ဈေးကြီးတဲ့ မျက်နှာလိမ်းခရင်မ်၊ အိုမင်းမှုတားလိုးရှင်းတွေကို မေ့ပစ်လိုက်ပါ။ နုပျိုလှပကြည့်ကောင်းစေဖို့ လျှို့ဝှက်ချက်က သစ်သီးတစ်ပန်းကန်ဖြစ်တယ်လို့သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုများများစားတဲ့ အသက် ၅၀အရွယ် အမျိုးသမီးတွေက ကျန်းမာရေးနဲ့အညီ စားသုံးမှုမရှိတဲ့ သက်တူရွယ်တူအမျိုးသမီးတွေထက် အရေးကြောင်းထင်နိုင်ခြေနည်းပါးတယ်လို့ သိပ္ပံပညာရှင်တွေက...
၊ ကိုထက် ၊ ဗိုက်အဆီများနေလျှင် ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ဝမ်းဗိုက်အဆီကို မြန်ဆန်စွာ လောင်ကျွမ်းစေနိုင်ကြောင်း ထိပ်တန်းအာဟာရပညာရှင်တို့က ဆိုသည်။ နေ့စဉ် ခရမ်းချဉ်သီးဖျော်ရည် ၂၈၀ မီလီလီတာပါ တစ်ဖန်ခွက်ကို သောက်သုံးသူတို့သည် ရှစ်ပတ်ကျော်အကြာတွင် ဗိုက်အဆီ ၅၀ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း...
၊ လရိပ်မေ ၊ ဘာကြောင့်အိပ်မပျော်တာလဲဆိုတာကို အကြောင်းရှာမရတဲ့သူတွေအတွက် အံ့အားသင့်ဖွယ်တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပူလွန်းသော ခေါင်းအုံး အေးမြတဲ့ခေါင်းအုံးပေါ်မှာ ခေါင်းချပြီး အိပ်စက်နားနေတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး အိပ်ငိုက်စေနိုင်ပါတယ်။ ပစ္စဘာ့ဂ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အေးမြတဲ့ခေါင်းအုံးနဲ့ အိပ်စက်သူတွေက အချိန် ၁၃...
ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ ကော်ဖီကို အလွန်နှစ်သက်ကြပါတယ်။ အိမ်တွေမှာလည်း ကော်ဖီမှုန့်ကိုနှပ်ပြီး သောက်လေ့ရှိပါတယ်။ နှပ်ပြီး ကျန်တဲ့ကော်ဖီမှုန့်အနှစ်တွေကို လွှင့်မပစ်လိုက်ပါနဲ့။ အဲဒီကော်ဖီမှုန့်အနှစ်တွေကို သုံးတတ်ရင် အိမ်တွင်းကျန်းမာရေး၊ အလှအပရေးနဲ့ တခြားကောင်းကျိုးတွေ ရှိနေပါတယ်။ (၁) လက်အနံ့အသက် ကောင်းစေခြင်း သင့်လက်မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနံ့တွေ...
ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. မျက်ရည်ကျရတဲ့အကြောင်းကို သိပါရစေ ဆရာ။ ဖြေ. မျက်ရည်က Lacrimal Glands ကနေ ထွက်ပါတယ်။ အဲဒီဂလင်းက မျက်လုံးအိမ်အကာ (Orbit) ရဲ့ Upper...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အသက်ကြီးလာတဲ့အခါမှာ တချို့သူတွေက ကိုယ်ခံစွမ်းအားလျော့နည်းလာပြီး ဝေဒနာတွေကို ခံစားရမှုကသိသာလာတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာခံစားနေရတဲ့ တချို့ဝေဒနာတွေက ဆေးကုသမှုမခံယူရင် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေကို ဖြစ်စေနိုင်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။ ပုံမှန်မဟုတ်သော အသက်ရှူမဝခြင်း နှလုံးရောဂါထတာ (Heart Attack) ရဲ့...
၊ မိုးမင်းထွန်း ၊ အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော်ဆရာဝန် ဒေါက်တာဒရူးပင်စကီက အရက်စွဲနေတဲ့ အမြွှာညီအစ်မနှစ်ယောက်အား အရက်စွဲနေသူနဲ့အရက်မစွဲသူတို့ရဲ့အသည်းတွေကို နှိုင်းယှဉ်ပြသကာ အရက် ရဲ့ဆိုးကျိုးကို လက်တွေ့ရှင်းပြခဲ့ပါတယ်။ ကျန်းမာတဲ့ အသည်းက ချောမွတ်ကာ နီညိုရောင်သမ်းနေပါတယ်။ အရက်စွဲကာ အသည်းခြောက်ရောဂါကြောင့် သေဆုံးသွားတဲ့ လူတစ်ယောက်ရဲ့အသည်းဟာ အမည်းရောင်...
ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း – အောက်ခံဘောင်းဘီမဝတ်ရင် အမျိုးသားတွေ ပေါင်ခြံအူကျတတ်တယ်။ တချို့တွေပြောကြတဲ့ အောက်ခံဘောင်းဘီမဝတ်ရင် အူကျတတ်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ – အူကျတာကို ဆေးဝါးနဲ့ ထိန်းချုပ်လို့ရတယ်။ အူကျတာ (Hernia) မှန်သမျှကို သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုလို့မရပါဘူး။ ခွဲစိတ်ကုသမှရတဲ့...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) မျက်နှာကိုကြည့်လိုက်ရုံနဲ့ သင့်ကိုယ်တွင်း ကျန်းမာရေးအခြေအနေကို သိနိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ လက္ခဏာတစ်ခုခုနဲ့ တူနေတဲ့အခါ ထိတ်လန့်မနေဘဲ ကိုယ့်ကျန်းမာရေးကို သတိထားစောင့်ကြည့်ပြီး တတ်ကျွမ်းနားလည်သူနဲ့ ပြသသင့်ပါတယ်။ (၁) မေးလျှောကျနေခြင်း မေးလျှောကျနေတာက အိုမင်းတဲ့ဖြစ်စဉ်ရဲ့ အစိတ်အ...