Healthy Life Ad
Life Style

အူကျခြင်းဆိုင်ရာ အယူအဆများ

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

– အောက်ခံဘောင်းဘီမဝတ်ရင် အမျိုးသားတွေ ပေါင်ခြံအူကျတတ်တယ်။

တချို့တွေပြောကြတဲ့ အောက်ခံဘောင်းဘီမဝတ်ရင် အူကျတတ်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။

– အူကျတာကို ဆေးဝါးနဲ့ ထိန်းချုပ်လို့ရတယ်။

အူကျတာ (Hernia) မှန်သမျှကို သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုလို့မရပါဘူး။ ခွဲစိတ်ကုသမှရတဲ့ ရောဂါအမျိုးအစားတွေ ဖြစ်ပါတယ်။

အူကျတာကို ခွဲစိတ်လိုက်လို့ ပန်းသေပန်းညိုးဖြစ်တယ်ဆိုတာမဆိုင်ပါဘူး။ အဲဒါက တခြားအကြောင်းတွေကြောင့် ဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ တစ်ခါတလေ အူက ကပ္ပာယ်အိတ်ထဲ အများကြီးကျွံသွားတဲ့အခါ ကပ္ပာယ်အိတ်ထဲက သွေးကြောအမျှင်သေးသေးလေးတွေ ရှိပါတယ်။ အဲလိုအခြေအနေမှာ . . .

– ပေါင်ခြံအူကျတာကို ခွဲစိတ်ကုသလိုက်တာကြောင့် ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်တယ်။

အူကျတာကို ခွဲစိတ်လိုက်လို့ ပန်းသေပန်းညိုး ဖြစ်တယ်ဆိုတာ မဆိုင်ပါဘူး။ အဲဒါက တခြားအကြောင်းတွေကြောင့် ဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ တစ်ခါတလေ အူက ကပ္ပာယ်အိတ်ထဲ အများကြီးကျွံသွားတဲ့အခါ ကပ္ပာယ်အိတ်ထဲက သွေးကြောအမျှင်သေးသေးလေးတွေ ရှိပါတယ်။ အဲလိုအခြေအနေမှာ သတိထားခွဲစိတ်ရပါတယ်။ တကယ်လို့ အဲဒီသွေးကြောလေးတွေ ပေါက်သွားတယ်၊ ပျက်သွားတယ်ဆိုရင်တော့ သုက်ထွက်နည်းတာ အစရှိတာတွေတော့ ဖြစ်နိုင်ပါတယ်။ ဒါက ပန်းသေပန်းညှိုးဖြစ်တာနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ မျိုးမအောင်တာတွေ၊ သုက်ထွက်နည်းတာတွေကတော့ ဖြစ်တတ်ပါတယ်။

– အူကျတာက ယောကျာ်းလေးတွေပဲ ဖြစ်တတ်တယ်။

အူကျတာက ယောကျာ်းလေးရော၊ မိန်းကလေး ရော ဖြစ်တတ်ပါတယ်။ ယောကျာ်းလေးတွေက အဖြစ်ပိုများပါတယ်။ မိန်းကလေးတွေကတော့ ဖြစ်ရင်လမ်းကြောင်းအတွင်း အူကျွံတယ်၊ ပေါင်ခြံဖောင်းတယ်လောက်ပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေကတော့ အလေးအပင်တွေ မ,ရတာကြောင့်လည်း ပါပါတယ်။ အဖြစ်ပိုများပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မှာဖြစ်ဖြစ် အကြာကြီးတော့ မထားသင့်ပါဘူး။ စောစောခွဲလိုက်ရင် ပိုလွယ်လွယ်ကူကူ၊ သက်သက်သာသာနဲ့ အဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။ အများအားဖြင့်တော့ လူပျိုအရွယ်လောက်ကစပြီးတော့ အဖြစ်များပါတယ်။ အသက်ကြီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

– အူကျတဲ့အခါ ခွဲစိတ်ပြီးထည့်တဲ့ ဆန်ကာကို ပြန်လည်တွန်းကန်နိုင်ခြေ ရှိပါတယ်။

ထည့်ထားတဲ့ဆန်ကာကို ခန္ဓာကိုယ်ကပြန်တွန်းလှန်တာတွေ၊ မတည့်တာတွေ မရှိပါဘူး။ ဒါပေမဲ့လည်း အဲဒီဆန်ကာကိုပဲ ရေရှည်မှီနေတာတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ လမ်းကြောင်းက ပုံမှန်ပြန်ဖြစ်လာပြီး နဂိုတိုင်းပဲဖြစ်လာမှာဖြစ်ပါတယ်။ ဆန်ကာက ချက်ချင်းပြန်မဖြစ်နိုင်အောင် အစပိုင်းမှာပဲ အထောက်အပံ့ပြုပေးတာ ဖြစ်ပါတယ်။ အရင်တုန်းက ဆန်ကာထည့်တဲ့နည်းကို မသုံးခဲ့ပါဘူး။

အူကျတာကိုခွဲတဲ့အခါမှာ ကျွံနေတဲ့အူကို နေရာတကျပြန်ထည့်ပြီး ပွင့်သွားတဲ့လမ်းကြောင်းနေရာက ပျော့သွားတဲ့နံရံတွေကို ပြန်မာလာအောင် အနားမှာရှိတဲ့အရွတ်တွေ၊ ကြွက်သားတွေနဲ့ ပြန်တွဲချုပ်ပေးရပါတယ်။ အဲဒါမှ လမ်းကြောင်းကမာပြီး ပြန်မပွင့်နိုင်တော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ကစပြီး အဲဒီလိုမျိုး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရာတွေနဲ့ပဲ အဲဒီလိုမာအောင်တွဲတာက မကောင်းဘူးလို့သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီလိုလုပ်တာကြောင့် အူကျတာ ပြန်ဖြစ်နှုန်းကလည်း များပါတယ်။ ၅ ရာခိုင်နှုန်းလောက်က ပြန်ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီကစပြီး ကိုယ်တွင်းက အရာတွေနဲ့ တွဲမချုပ်တော့ဘဲနဲ့ ဆန်ကာ (Mash)လို့ခေါ်တဲ့ ပြင်ပအထောက်အကူပစ္စည်း ထည့်တဲ့နည်းကို သုံးလာပါတယ်။ အဲဒီပစ္စည်းရဲ့ ပျက်စီးနိုင်ခြေကလည်း လူ ၁၀ဝ မှာ ၂ ယောက်လောက်တောင် မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top