—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—– အသက် ၅၀ အရွယ် စာရင်းကိုင်အရာရှိ မစ္စတာဒီက နာတာရှည်ခါးနာရောဂါ ခံစားနေရတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က ကုလားထိုင်တစ်လုံးကို ပင့်တင်ရွှေ့ပြောင်းလိုက်တာကစပြီး ခါးနာခါးကိုက် ဝေဒနာရရှိလာတာ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်း မိသားစုဆရာဝန်နဲ့...
ရေချိုးတဲ့အခါမှာ ချိုးလိုက်တဲ့ ရေနဲ့အတူ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ လွင့်ပါသွားတယ်လို့ တွေးကြည့်လိုက်ပါ။ အရေပြားပေါ်ကျလာတဲ့ ရေတွေကို ခံစားပြီး အာရုံစိုက်ပေးပါ။ ကိုယ်ပေါ်ကနေ စီးကျသွားတဲ့ ရေနဲ့အတူ အဆိုးမြင်အတွေးတွေ ပါသွားပြီလို့ တွေးပါ။ ဝမ်းနည်းမှု၊ နောင်တ၊ ဒေါသနဲ့ စိတ်ဓာတ်ကျဝေဒနာအားလုံးကို ရေနဲ့ဆေးချနိုင်လိုက်ပြီလို့...
———၊ ငွေကြယ်စင်ယံ ၊——— တချို ့အလုပ်တွေဟာ စိတ်ဓာတ်ကျနိုင်ဖို့ အလားအလာများနေပါတယ်။ အချိန်ပြည့် အလုပ်လုပ်ရသူတွေကို တစ်နှစ်တာလေ့လာခဲ့တဲ့ မှတ်တမ်းအရ စိတ်ဓာတ်ကျနိုင်ခြေအများဆုံး အလုပ်အကိုင် ၁၀ခုကို အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ (၁) ဘိုးဘွားရိပ်သာ သို့မဟုတ် ကလေးပြုစုရေးဝန်ထမ်းများ လူတွေကို ပြုစုစောင့်ရှောက်ရသူတွေရဲ...
—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—– ဘင်ဂျမင်က စိတ်ကျန်းမာရေး အတွင်းလူနာ ကုသဆောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတစ်ယောက် ဖြစ်ပါတယ်။ သူက ရိုးသားတယ်။ အလုပ်ကြိုးစားတယ်။ တာဝန်သိတယ်။ စာရေးသူက ဘင်ဂျမင်ကို ခင်မင်ရင်းနှီးနေလို့ ဘင်လို့ပဲ ခေါ်ပါတယ်။ “အခုတလော...
မကောင်းတဲ့အတွေးဝင်လာပြီး စိတ်ညစ်၊ စိတ်ရှုပ်ရတဲ့အခါ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ (၁) သင့်အတွေးတွေကို စောင့်ကြည့်ပါ။ (၂) အတွေးက မကောင်းတဲ့အတွေးဖြစ်နေရင် လက်ခံလိုက်ပါ။ (၃) မကောင်းတဲ့အတွေးကို ပြောင်းလဲဖို့ကြိုးစားပါ၊ ဥပမာ- မုန်းတီးမှုကို ခွင့်လွှတ်မှုအဖြစ်၊ တစ်ပါးသူရဲ့ အောင်မြင်မှုကို ပျော်ရွှင်မှုအဖြစ် ကူးပြောင်းလိုက်ပါ။...
—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊—– စာရေးသူရဲ ့မိတ်ဆွေ ကိုတာနဲ့ ထွေရာလေးပါး စကားလက်ဆုံကျနေပါတယ်။ ကိုတာက သူ့မိုဘိုင်းဖုန်းကို ကောက်ကိုင်ပြီး တစ်ခုခုသတိရမိသလို ပြောပါတယ်။ “အခုတလော ဖေ့စ်ဘွတ်ခ်ထဲမှာ တွေ့နေရတဲ့ သတင်းတစ်ခုရှိတယ်” “ဘာများလဲ” “မြန်မာနိုင်ငံက DVB...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— နတ်သမီးနှစ်ပါးက မြို ့တစ်မြို့ကိုသွားလည်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့က ကြွယ်ဝခြင်းနဲ့ ပျော်ရွှင်ခြင်းပေးနိုင်တဲ့ မိသားစုကိုကောင်းချီးပေးဖို့ ဆုံးဖြတ်ပြီး ဖျော့တော့နွမ်းနယ်တဲ့အသွင် ဖန်ဆင်းလိုက်ကြတယ်။ သူတို့က အိမ်နှစ်အိမ်ရွေးချယ်ပြီး ပထမအိမ်က မြို့ရဲ ့အလယ်နေရာမှာရှိတယ်။ အဲဒီအိမ်ကြီးမှာ အခန်းတွေအများကြီးပါပြီး...
လရိပ်မေ (၁) အဆိပ်သင့်စေတဲ့ လူတွေကို ရှောင်ရှားပါ။ (၂) ဘာကိုမှမတွေးဘဲ တစ်ရေးအိပ်စက်အနားယူပေးပါ။ (၃) အဆိုးမြင်အတွေးတွေကို စိန်ခေါ်ပြီး ငြင်းထုတ်ပါ။ (၄) ကိုယ်မလုပ်နိုင်တဲ့အရာတွေကို မလုပ်နိုင်ကြောင်း ယဉ်ယဉ်ကျေးကျေး ငြင်းကြည့်ပါ။ (၅) သင်လုပ်နေကျ အပြုအမူတွေကို ပြောင်းလဲပြီး အသစ်တစ်ခုခုကို...
——— ၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ၊——— မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်း (Masturbation) နဲ့ပတ်သက်ပြီး အယူအဆလွဲမှားမှုများရှိပါတယ်။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်းက သဘာဝမကျဘူး၊ ညစ်ညမ်းတဲ့အပြုအမူ၊ အကျင့်ပျက်တာလို့ ပြစ်တင်ပြောဆိုတတ်ကြတယ်။ အမှန်တကယ်ကတော့ မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အပြုအမူက လိင်သဘာဝ...
———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊——— လူအများစုဟာ အလုပ်များတဲ့ နေထိုင်မှုပုံစံကြောင့် စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများဆိုသလို နေ့စဉ်ခံစားနေရပါတယ်။ စိတ်ဖိစီးမှု ခံစားနေရချိန်မှာ စိတ်ဖိစီးမှုသက်သာစေမယ့်နည်းတွေကို လိုက်နာပြီး သက်သာရာရအောင် လုပ်ဆောင်ဖို့လိုပါတယ်။ စိတ်ဖိစီးမှုခံစားရချိန်ကြာသွားရင် စိတ်ဝေဒနာအဖြစ် ပြောင်းသွားနိုင်လို့ စိတ်ဖိစီးမှုဖြစ်နေကြောင်း ပြသတဲ့ အောက်ပါလက္ခဏာငါးမျိုးကို...