Healthy Life Ad
International

တစ်နေ့ပန်းသီးတစ်လုံးစားခြင်းဖြင့်အမျိုးသမီးများအရေးကြောင်း ကင်းစင်စေနိုင်

၊ ကိုထက် ၊
ဈေးကြီးတဲ့ မျက်နှာလိမ်းခရင်မ်၊ အိုမင်းမှုတားလိုးရှင်းတွေကို မေ့ပစ်လိုက်ပါ။ နုပျိုလှပကြည့်ကောင်းစေဖို့ လျှို့ဝှက်ချက်က သစ်သီးတစ်ပန်းကန်ဖြစ်တယ်လို့သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုများများစားတဲ့ အသက် ၅၀အရွယ် အမျိုးသမီးတွေက ကျန်းမာရေးနဲ့အညီ စားသုံးမှုမရှိတဲ့ သက်တူရွယ်တူအမျိုးသမီးတွေထက် အရေးကြောင်းထင်နိုင်ခြေနည်းပါးတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ပေါင်မုန့်၊ အနီရောင်အသားနဲ့ အချိုသရေစာတွေကို များများစားတဲ့ အမျိုးသမီးတွေက အရက်သောက်သူတွေလိုပဲ အရေးကြောင်းထင်နိုင်ခြေ ပိုများပါတယ်။
ဗြိတိန်မှာ ဈေးဝယ်ထွက်သူ အထူးသဖြင့် အမျိုးသမီးတွေက အိုမင်းမှုတားခရင်မ်တစ်မျိုးတည်းနဲ့တစ်နှစ်ကို စတာလင်ပေါင် ၁၂၀ မီလျံလောက် သုံးစွဲတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရေးကြောင်း တွန်းလှန်တဲ့ ဘိုတော့စ်ထိုးတာကလည်း ၅၀ ရာခိုင် နှုန်းလောက်မြင့်တက်လာပါသတဲ့။

ရော်တာဒမ်းရှဆေးစင်တာက လေ့လာသူတွေဟာ အသက် ၅၀ အရွယ် အမျိုးသားနဲ့ အမျိုးသမီး ၂၇၀ဝ ဦးရဲ့စားသောက်တဲ့ အမူအကျင့်ကို လေ့လာခဲ့တဲ့အခါ လတ်ဆတ်တဲ့သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ငါးတွေကိုများများစားတဲ့ အမျိုးသမီးတွေရဲ့ မျက်နှာမှာ အရေးကြောင်း အနည်းဆုံးဖြစ်နေတာကိုတွေ့ရှိခဲ့ ရပါတယ်။ အနီရောင်အသား၊ ပေါင်မုန့်နဲ့ အချိုသရေစာတွေကို အစားများသူအမျိုးသမီးတွေ ရဲ့မျက်နှာမှာတော့အရေးကြောင်း အများဆုံး ဖြစ်နေတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

နေ့စဉ် အရက်သောက်တတ်သူတွေမှာလည်း အရေးကြောင်းထင်တာများကြောင်းနဲ့ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအသောက်စားတာက အရွယ်တင်နုပျိုစေကြောင်း တွေ့ရှိခဲ့တဲ့ ဒီလေ့လာတွေ့ရှိ ချက်ကို အမေရိကန် အရေပြားဌာနဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။
(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top