———၊ ကိုထက် ၊——— လေ့ကျင့်ခန်းပြုလုပ်ပုံ နည်းစနစ်အမျိုးမျိုးဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ အထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ ့ ရလဒ်တွေကို ပိုမိုကောင်းမွန်စေဖို့အတွက် အစာအာဟာရကလည်း အရေးကြီးပါတယ်။ ဒါကြောင့် လူအများစုဟာ လေ့ကျင့်ခန်းမလုပ်ခင် အားအင်ပြည့်အောင် အရင်အားဖြည့်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ယခုလေ့လာမှု...
လည်ကုပ်နဲ့ ဇက်ကြောညောင်းညာကိုက်ခဲနာကျင်နေရင် အရင်ဆုံးလုပ်သင့်တာက ကိုယ့်ဘာသာ လက်နဲ့ကောင်းကောင်းနှိပ်နယ်ပေးဖို့ပါပဲ။ နှိပ်နယ်တဲ့အခါ သင့်လက်တစ်စုံနဲ့ တဘတ်တစ်ထည်ပဲ လိုအပ်ပါတယ်။ ကိုယ့်ဘာသာနှိပ်နယ်တာက လည်ကုပ်ကြောတွေကို ပြေလျော့စေပြီး အညောင်းပြေသွားစေပါတယ်။ (၁) တဘက်သုံးပြီး နှိပ်နယ်ခြင်း တဘက်သုံးပြီး နှိပ်နယ်တာက လည်ကုပ်ရှိ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး...
ဘယ်နဲ့ညာ လက်မထိပ်နှစ်ဖက်ကို သုံးပြီး လူတစ်ယောက်ရဲ ့ နောက်ကျောတလျှောက်ကို အချိန် ၁၅ မိနစ်ကြာနှိပ်ပေးပါ။ အဲဒီလို နှိပ်ပေးတာကြောင့် စိုးရိမ်သောက၊ အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ကိုက်ခဲနာကျင်မှုတို့ကို သက်သာစေပါတယ်။ သွေးဖိအားကောင်းပြီး စိတ်ကျန်းမာရေး တိုးတက်စေတဲ့အတွက် ဒီနှိပ်နယ်နည်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။
———၊ ငွေကြယ်စင်ယံ ၊——— သင့်အနေနဲ့ ကိုယ်နေဟန်ထား မားမားမတ်မတ်နဲ့ စမတ်ကျကျနေတာက သင့်ကို ကြည့်ကောင်းစေရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်မှုမရှိရင် ခါးနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲခြင်း စတဲ့ ဝေဒနာအများစုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခါးနာတယ်ဆိုတာ ကိုယ်နေဟန်ထားမကောင်းခြင်းကြောင့် ဖြစ်တတ်တဲ့...
———၊ လရိပ်မေ ၊——— အသက်၂၀-၃၀အရွယ်လောက်မှာ ခန္ဓာကိုယ်ကြွက်သားတွေ အသန်စွမ်းဆုံး ဖြစ်နေတတ်ပါတယ်။ အသက် ၅၀ ကျော်လာတာနဲ့ ကြွက်သားထုထည်တွေက တဖြည်းဖြည်းလျော့နည်းလာတတ်ပါတယ်။ အသက် ၅၀ ကျော်ချိန်မှာ အထူးသဖြင့် အမျိုးသမီးတွေ ကြွက်သားသန်စွမ်းနေရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ (၁) ကြွက်သားသန်စွမ်းခြင်းကြောင့်...
———၊ လရိပ်မေ ၊——— အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ ရေများများသောက်တာ၊ ပေါ့ပါးတဲ့ အစာစားတာနဲ့ ယောဂကျင့်တာတို့ဟာ အစာကြေညက်စေတဲ့နည်းတွေ ဖြစ်ပါတယ်။ (၁) ထိုင်ခုံဟန်ပန် ခြေထောက်ကို စုံရပ်ကာ လက်နှစ်ဖက်ကိုပူးရင်း လက်အုပ်ချီဟန်၊ ထိုင်ခုံပေါ်ထိုင်နေတဲ့ ဟန်မျိုးနဲ့ တစ်ဝက်ဆောင့်ကြောင့်ထိုင်ပါ။ ပြီးရင် ဘယ်ခြေထောက်ကို...
ပုံမှန်လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ အမျိုးသားတွေအတွက် အိမ်ထောင်မှုသုခပြည့်ဝစေတဲ့ အကောင်းဆုံး ဆေးတစ်လက်ပါ။ တစ်ပတ်မှာ သုံးကြိမ်-လေးကြိမ်လောက် လေ့ကျင့်ခန်းလုပ်တာကြောင့် သက်လုံကောင်းစေပြီး သန်စွမ်းကြံ့ခိုင်စေပါတယ်။ လေ့ကျင့်ခန်း (၁) အလေးမခြင်း အလေးမလေ့ကျင့်ခန်းလုပ်တာကြောင့် အမျိုးသားတွေမှာ အိမ်ထောင်မှုသုခ ပြည့်ဝစေပါတယ်။ အကြောင်းကတော့ အလေးမတာကြောင့် အမျိုးသားတွေမှာ တက်စတိုစတီရုန်းကျားဟော်မုန်း...
———၊ လရိပ်မေ ၊——— ပေါင်အတွင်းပိုင်းဆိုတာ တစ်ကိုယ်လုံးမှာ အဆီစုပုံတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ ခြေထောက်တွေကို ကြည့်ရဆိုးစေသလို ဗိုက်ပူတာလိုပဲ လျော့ကျဖို့ခက်တဲ့ အစိတ်အပိုင်းပါ။ ပေါင်အဆီလျော့ကျဖို့ အကောင်းဆုံးနည်းတစ်ခုက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်တာနဲ့ မှန်ကန်တဲ့ လေ့ကျင့်ခန်းပြုလုပ်တာတို့ကို လိုက်နာတာပါပဲ။...
———၊ ဇွန် ၊——— ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေစဉ်မှာ ကယ်လိုရီလောင်ကျွမ်းမှုများစေပြီး သက်လုံကောင်းကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ နံနက်စောစော လေ့ကျင့်ခန်းလုပ်ပါ နံနက်စောစောအချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို မြန်စေပြီး...
—၊ ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊— Q. ပခုံးအရွတ်ပြတ်တာ၊ ပြဲတာ (Rotator Cuff Disruption) ဖြစ်ရတဲ့ အကြောင်းကို သိပါရစေဆရာ။ A. ပခုံးထိပ်ကြွက်သားတွေက လက်မောင်းထိပ်ရင်း ကြွက်သားတွေနဲ့ လာတွယ်နေတယ်။ အစပိုင်းမှာ ဒီကြွက်သားတွေက...