Healthy Life Ad
International

ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နေ့တစ်ဖန်ခွက်သောက်ခြင်းဖြင့် ဝမ်းဗိုက်အဆီ ၅၀ ရာခိုင်နှုန်း လျော့ကျစေနိုင်

၊ ကိုထက် ၊

ဗိုက်အဆီများနေလျှင် ခရမ်းချဉ်သီးဖျော်ရည်ကို နေ့စဉ်သောက်သုံးခြင်းဖြင့် ဝမ်းဗိုက်အဆီကို မြန်ဆန်စွာ လောင်ကျွမ်းစေနိုင်ကြောင်း ထိပ်တန်းအာဟာရပညာရှင်တို့က ဆိုသည်။

နေ့စဉ် ခရမ်းချဉ်သီးဖျော်ရည် ၂၈၀ မီလီလီတာပါ တစ်ဖန်ခွက်ကို သောက်သုံးသူတို့သည် ရှစ်ပတ်ကျော်အကြာတွင် ဗိုက်အဆီ ၅၀ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း လေ့လာသူတို့က ဆိုသည်။ ထို့ပြင် လေ့လာမှုတွင် ပါဝင်သူတို့သည် ကိုယ်အလေးချိန် တစ်ပေါင်ကျော် ကျဆင်းခဲ့ပြီး သွေးတွင်း ကိုလက်စထရောအဆင့်လည်း သိသိသာသာ လျော့ကျသွားခဲ့ကြောင်း သိရသည်။

“နေ့တိုင်း ခရမ်းချဉ်သီးဖျော်ရည်သောက်တာက ခါးအတိုင်းအတာကို လျော့ကျစေတယ်လို့ ဒီရလဒ်က ဖော်ပြနေပါတယ်။ ဒါ့အပြင် သွေးတွင်းကိုလက်စထရောအဆင့်ကိုလျော့ကျစေပြီး ကျန်းမာတဲ့အမျိုးသမီးတွေမှာ ရောင်ရမ်းမှုဆိုင်ရာ အဒီပိုကိန်းအဆင့်ကို ပုံမှန်ဖြစ်စေပါတယ်”ဟု လေ့လာသူတို့ကဆိုသည်။

နောက်ထပ်လေ့လာမှုအရ ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းက ကိုယ်အလေးချိန်များသည့် အမျိုးသမီးများတွင် ကိုယ်တွင်းဓာတ်တိုးပစ္စည်းကြောင့်ဖြစ်သော ဖိစီးမှုကိုလျော့ကျစေပြီး အထွေထွေကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အဝလွန်ခြင်းဆိုင်ရာ ရောဂါဝေဒနာများမဖြစ်စေရန် ကာကွယ်ပေးနိုင်ကြောင်း သိရသည်။

ခရမ်းချဉ်သီးဖျော်ရည်တွင် အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းပမာဏ ပါဝင်မှုမြင့်မားသည့်အတွက် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်ပျက်မှုကောင်းစေသော ဟော်မုန်း အဒီပိုနက်တင်ထုတ်လုပ်မှုကို ၂၅ ရာခိုင်နှုန်း တိုးစေသည်။ “ခရမ်းချဉ်သီးမှာ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းပြီး ရေဓာတ်ပါဝင်မှုများပါတယ်။ ဒါ့အပြင် သဘာဝဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်တာကြောင့် စွမ်းအင်ရရှိစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတာ ဖြစ်ပါတယ်” ဟု လေ့လာသူတို့က ရှင်းပြထားသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top