၊ ငွေကြယ်စင်ယံ ၊ ကမ္ဘာပတ်ပြီး ခရီးသွားလာနေတဲ့ သူတွေ ရနိုင်တာက တခြားနိုင်ငံရဲ့ ဘာသာစကားတစ်ခုတည်း မဟုတ်ပါဘူး။ သူတို့နိုင်ငံရဲ့ အတုယူထိုက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့အတူ ကျန်းမာရေးဆိုင်ရာ လမ်း ညွှန်ချက်အတိုအထွာလေးတွေကိုလည်း သင့်အိမ်ပြန်ခရီးမှာ ဗဟုသုတအဖြစ် ရယူသင့်ပါတယ်။ ပြင်သစ်နိုင်ငံသူ/နိုင်ငံသားတို့ ကျင့်သုံးသော ကိုယ်အလေးချိန်...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) ကြက်သွန်ဖြူက ကျန်းမာရေးပြဿနာအတော်များများကို ကာကွယ်ကုသနိုင်ကြောင်း သင်သိပြီးဖြစ်မှာပါ။ ကြက်သွန်ဖြူစားပေးရင် သွေးတွင်းကိုလက်စထရောကျစေတယ်၊ သွေးတိုးကျစေပါတယ်၊ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစေတဲ့အတွက် အအေးမိဝေဒနာမရအောင် ကာကွယ်နိုင်ပါတယ်။ အခုလေ့လာမှုအသစ်အရ တွေ့ရတာက ကြက်သွန်ဖြူက ညဘက်အိပ်ရေးဝ၀ အိပ်ပျော်စေတာပဲဖြစ်ပါတယ်။ အိပ်မပျော်တဲ့...
၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်) မျက်တောင်ရှည်ပြီး ထူထဲလှပတာက နုပျိုမှုရဲ့ သင်္ကေတတစ်ခုပါ။ ဒါပေမဲ့ အမျိုးသမီးတွေဟာ အသက်ကြီးလာတဲ့အခါမှာ မျက်တောင်အထူနဲ့ အရှည်က တဖြည်းဖြည်းလျော့နည်းလာပါတယ်။ မျက်တောင် ရှည်ထွက်လာမှုကို လေ့လာခြင်း မျက်တောင်တွေက ဘယ်လိုရှည်ထွက်လာတယ်ဆိုတာကို သိနားလည်ရင် မျက်တောင်တွေဘယ်အချိန်မှာ စတင်ပြောင်းလဲလာတယ်ဆိုတာကိုလည်း...
အပြင်က ပြန်လာသော မိန်းမကို ယောကျာ်းဖြစ်သူက မေးသည်။ “ဘယ်ကပြန်လာတာလဲ မိန်းမ” “အလှပြင်ဆိုင်က” “အော်. . . ဒါကြောင့် ငါ့မိန်းမ မျက်နှာက ဖြူဝင်းပြီး ပိုကြည့်ကောင်းနေပါလားလို့တွေးနေတာ” “ရှင်ဘာမဟုတ်တာလုပ်ထားပြန်ပြီလဲ . . . ဆိုင်ပိတ်နေလို့ ဘာမှမလုပ်ခဲ့ရဘူးရှင့်”...
ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား) အမျက်ဒေါသနဲ့ စိတ်ဝေဒနာဘာသာရပ်ကို မလေးရှားနိုင်ငံ ဆေးသိပ္ပံကျောင်းမှာ ဆေးကျောင်းသားတွေနဲ့ ဆက်လက်ဆွေးနွေးနေပါတယ်။ ဆွေးနွေးပွဲအစမှာ လူနာတစ်ယောက်ကိုယ်တိုင်ရေးထားတဲ့ ဆေးမှတ်တမ်းကို စာရေးသူက ဖတ်ပြပါတယ်။ “ကျွန်တော် အသက် ၄၀ ကျော်ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀လုံး...
အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်တွင် ကင်ဆာကုသအောင်မြင်ထားသူများအကြောင်း လေးစားဂုဏ်ယူစွာဖော်ပြခဲ့သည်မှာ ယခုဆိုလျှင် ၁၉ ဦးရှိခဲ့ပါပြီ။ မြန်မာလူမျိုးများ၏စိတ်ထဲတွင် “ကင်ဆာဆိုတာ သေမိန့်”၊”ကင်ဆာဖြစ်ရင် ဆေးမရှိ”၊ “ကင်ဆာဖြစ်ရင် ဘဝနိဂုံးအချိန်ရောက်ပြီ” စသဖြင့် ယုံကြည် လက်ခံခဲ့ကြသည့်အတွက် ကင်ဆာအကြောင်း မသိလို၊ ကင်ဆာနှင့်...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) ဆီးချိုသမားအတွက် သီးသန့်အစားအသောက်ဆိုပြီး မရှိပါဘူး။ အခုနောက်ပိုင်းပေါ်လာတဲ့ ဆီးချိုအတွက် ပေါင်မုန့်၊ ဆီးချိုအတွက် ဘီစကွတ်မုန့်ဆိုတာတွေက အချိုလျှော့လိုက်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး စားဖို့နဲ့ အာဟာရဓာတ်ပြည့်ဝစွာ ရရှိအောင်စားဖို့ပဲ အရေးကြီးပါတယ်။ ထမင်း မြန်မာလူမျိုးတွေရဲ့ အဓိကအစာက ထမင်းပါပဲ။ ငယ်ငယ်ကတည်းက...