Healthy Life Ad
Health Tips

ညဘက်ကောင်းကောင်း အိပ်မောကျစေမည့် ကြက်သွန်ဖြူ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကြက်သွန်ဖြူက ကျန်းမာရေးပြဿနာအတော်များများကို ကာကွယ်ကုသနိုင်ကြောင်း သင်သိပြီးဖြစ်မှာပါ။ ကြက်သွန်ဖြူစားပေးရင် သွေးတွင်းကိုလက်စထရောကျစေတယ်၊ သွေးတိုးကျစေပါတယ်၊ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းစေတဲ့အတွက် အအေးမိဝေဒနာမရအောင် ကာကွယ်နိုင်ပါတယ်။ အခုလေ့လာမှုအသစ်အရ တွေ့ရတာက ကြက်သွန်ဖြူက ညဘက်အိပ်ရေးဝ၀ အိပ်ပျော်စေတာပဲဖြစ်ပါတယ်။ အိပ်မပျော်တဲ့ ဝေဒနာရှိသူတွေအတွက် ကြက်သွန်ဖြူကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ မျှဝေလိုက်ပါတယ်။

နည်းလမ်း (၁) ကြက်သွန်ဖြူပါသော အစာကိုစားပါ

အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ကူးစက်ပိုးဝင်တဲ့အခါ အစာထဲ ကြက်သွန်ဖြူထည့်စားပေးပါ။ ရောင်ရမ်းမှုကို လျော့ကျစေတဲ့အစွမ်းရှိတာကြောင့် နှာခေါင်းပိတ်တာကိုသက်သာစေပြီး ညဘက်မှာ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

နည်းလမ်း (၂) ကြက်သွန်ဖြူကို နွားနို့ထဲစိမ်သောက်ပါ

နွားနို့ပူပူတစ်ဖန်ခွက်ထဲမှာ ကြက်သွန်ဖြူစိမ်ပြီးသောက်ပေးရင် ညဘက်အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ ကြက်သွန်ဖြူကို အခွံနွှာပြီး နွားနို့ပူပူထဲထည့်စိမ်ထားပြီး နွားနို့ကိုပဲသောက်ပေးပါ။

နည်းလမ်း (၃) ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားအိပ်ပါ

အရင်နှစ်ပေါင်းများစွာတုန်းက ကြက်သွန်ဖြူနွှာပြီးတစ်မြွှာကို ခေါင်းအုံးအောက်ထားအိပ်ရင် အိပ်ရေးဝ၀ အိပ်ပျော်စေတယ်လို့ လူအများဆိုကြပါတယ်။ အဲဒီလိုလုပ်ရင် ကြက်သွန်ဖြူထဲမှာပါတဲ့ ဆာလဖြူရစ်ဒြပ်ပေါင်းကြောင့် စိတ်နဲ့ခန္ဓာကို တည်ငြိမ်စေတာကြောင့် အိပ်ရေးဝ၀ အိပ်မောကျရတယ်လို့ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top