Healthy Life Ad
Life Style

အခြားနိုင်ငံက လူတို့ ကျင့်သုံးနေကြသည့် ကိုယ်အလေးချိန်ထိန်းနည်းများ

၊ ငွေကြယ်စင်ယံ ၊

ကမ္ဘာပတ်ပြီး ခရီးသွားလာနေတဲ့ သူတွေ ရနိုင်တာက တခြားနိုင်ငံရဲ့ ဘာသာစကားတစ်ခုတည်း မဟုတ်ပါဘူး။ သူတို့နိုင်ငံရဲ့ အတုယူထိုက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့အတူ ကျန်းမာရေးဆိုင်ရာ လမ်း ညွှန်ချက်အတိုအထွာလေးတွေကိုလည်း သင့်အိမ်ပြန်ခရီးမှာ ဗဟုသုတအဖြစ် ရယူသင့်ပါတယ်။

ပြင်သစ်နိုင်ငံသူ/နိုင်ငံသားတို့ ကျင့်သုံးသော ကိုယ်အလေးချိန် ထိန်းနည်း
ပြင်သစ်လူမျိုးတွေက စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိကြပါတယ်။ ဥပမာ ပြောရရင်-

– အစားအသောက်စားတဲ့အခါ အသင့်အတင့် ပမာဏကို ထိန်းချုပ်စားလေ့ရှိပါတယ်။ ဝိုင်သောက်ရင် တစ်ဖန်ခွက်နဲ့ ကျေနပ်သွားသူတွေပါ။

– အစာကိုလည်း ဖြည်းဖြည်းချင်း ကြိတ်ဝါးစား တတ်ပါတယ်။

– ပြင်သစ်လူမျိုးအများစုက ကျန်းမာရေးနဲ့ ညီညွတ်ပြီး အရသာရှိတဲ့ အစာကို စားလေ့ရှိပေမယ့် ပမာဏ နည်းနည်းနဲ့ စိတ်ကျေနပ်သွားတတ်ပါတယ်။

– အဆင်သင့် သရေစာကို ရှောင်လေ့ရှိပေမယ့် ဒေသထွက်ကုန်တွေကို သရေစာအဖြစ် စားလေ့ရှိပါတယ်။

ဂျပန်နိုင်ငံသူ/နိုင်ငံသားတို့ ကျင့်သုံးသော ကိုယ်အလေးချိန် ထိန်းနည်း
အမြင်တင့်တယ်မှုက ဂျပန်လူမျိုးတွေအတွက် အလွန်အရေးပါပါတယ်။ ဥပမာပြောရရင်-

– ဂျပန်ဟင်းလျာတွေကို ရောင်စုံသစ်သီးဝလံ၊ ဟင်းသီးဟင်းသီးရွက်တွေနဲ့ ပြင်ဆင်လေ့ရှိပါတယ်။ ဟင်းလျာထဲကို ထည့်တဲ့ အရောင်တိုင်းကလည်း အာဟာရ တန်ဖိုးရှိနေပါတယ်။

– ဂျပန်လူမျိုးတွေ စားလေ့ရှိတဲ့ ပင်လယ်စာ အများစုဟာ နှလုံးအကျိုးပြု အိုမီဂါ ၃ ဖက်တီးအက် စစ်၊ ဇင့်(သွပ်)လို သတ္တုဓာတ်နဲ့ ဗီတာမင်အေလိုအင် တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။

ဆကင်ဒီနေးဗီးယားနိုင်ငံသူ/နိုင်ငံသားတို့ ကျင့်သုံးသော ကိုယ်အလေးချိန် ထိန်းနည်း
ဆကင်ဒီနေးဗီးယားလူမျိုးတွေက အမျှင်ဓာတ် နဲ့ မဂ္ဂနိစ်အပြည့်အဝ ပါဝင်တဲ့ ကောက်နှံတစ်ခုလုံး စာတွေကို စားလေ့ရှိပါတယ်။ ဒီအာဟာရဓာတ် တွေက အချိန်ကြာကြာ ဗိုက်ပြည့်စေရုံသာမက နှလုံး ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

– အမျှင်ဓာတ်များစွာရရှိစေမယ့် ကောက်နှံ တစ်ခုလုံးနဲ့လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်၊ ခရက် ကာမုန့်နဲ့ဆန်လုံးညိုတွေကိုလည်း စားလေ့ရှိပါတယ်။

မြေထဲပင်လယ်ဒေသနေသူတို့ ကျင့်သုံးသော ကိုယ်အလေးချိန် ထိန်းနည်း
မြေထဲပင်လယ်ဒေသမှာ နေထိုင်သူတွေ အ သက်ရာကျော်ရှည်ကြတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံကြောင့် ဖြစ်ပါတယ်။

– သူတို့ ထမင်းပန်းကန်ထဲမှာ သံလွင်သီး၊ သံလွင်ဆီ၊ ကုလားပဲ၊ သခွားသီး အစရှိတဲ့ အပင်ထွက် အစားအစာတွေအပြည့် ထည့်ထားပါတယ်။

– အသားနဲ့ နို့ထွက်ပစ္စည်းထက် အပင်ထွက်အ စာတွေကို ပိုမို စားလေ့ရှိပါတယ်။

အရှေ့တောင်အာရှနိုင်ငံသူ/နိုင်ငံသားတို့ ကျင့်သုံးသော ကိုယ်အလေးချိန် ထိန်းနည်း
မလေးရှားနဲ့ ထိုင်းနိုင်ငံဟာ ပူစပ်တဲ့ ဟင်းလျာ တွေနဲ့ ပတ်သက်ပြီး နာမည်ကြီးပါတယ်။

– သူတို့သုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အရသာရှိစေရုံသာမက ဇီဝရုပ်ဖြစ်ပျက်မှုကောင်းတဲ့ အတွက် ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top