၊ မိုးမင်းထွန်း ၊ ဆီးချိုရောဂါသည်တစ်ယောက်ဟာ ရောဂါအနံ့ခံခွေးတစ်ကောင်ရဲ့ အကူအညီကြောင့် တက်တဲ့ အကြိမ် ၅၀၀၀ကျော်ကိုရှောင်ရှားနိုင်ခဲ့ပြီး ပုံမှန်ဘ၀အတိုင်းနေနိုင်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှ အလိုက်စ်ဟောစတိဟာ အသက် ၁၅ နှစ်အရွယ်မှာ အမျိုးအစား-၁ ဆီးချိုရောဂါဖြစ်ခဲ့တာကြောင့် နောက်ထပ်သုံးနှစ်သာ အသက်ရှင်သန်နိုင်မယ်လို့ခန့်မှန်းခံခဲ့ရပါတယ်။ သွေးတွင်းသကြားပမာဏ အပြောင်းအလဲကြောင့် သတိလစ်မေ့မျောတာနဲ့တက်တာ...
၊ မိုးမင်းထွန်း ၊ အသက်တစ်နှစ်အရွယ် ကလေးငယ်မာဝါဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် လွန်ခဲ့တဲ့စက်တင်ဘာလကတည်းက ဆေးပညာအရ သတိလစ်မေ့မျောအောင်ပြုလုပ်ထားတဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့ပါတယ်။ ဒီအခြေအနေက ဦးနှောက်အမြှေးရောင်ရမ်းမှုလို ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါနဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားတဲ့လူနာတွေကို ကာကွယ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ဆေးအမျိုးအစားတစ်မျိုးနဲ့ ဦးနှောက်လုပ်ငန်းဆောင်တာတွေ ရပ်တန့်အောင်ပြုလုပ်ပေးပြီး အသက်ရှူတာ၊ သွေးဖိအားနဲ့နှလုံးခုန်မှန်ဖို့...
၊ မိုးမင်းထွန်း ၊ ကောင်းတာတွေကလည်း အတိုင်းအဆ ရှိပါတယ်။ ရေဆိပ်တက်တဲ့ အမျိုးသမီးတစ်ယောက်ကိုကုသပြီးနောက် ရေအလွန်အကျွံ သောက်တဲ့အန္တရာယ်ကို ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။ ဗြိတိန်နိုင်ငံမှ အသက် ၅၉နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေပြသပြီး ဆေးရုံရောက်လာခဲ့ပါတယ်။ အမျိုးသမီးအပြောအရ သူဟာ မိနစ်၃၀...
၊ မိုးမင်းထွန်း ၊ သြစတြေးလျနိုင်ငံမှ အသက် ၄၁ နှစ်အရွယ် ဟီသာမက်အင်တိုင်ရာက မွေးရာပါမျက်စိအတွင်းတိမ်ရောဂါနဲ့ မွေးဖွားခဲ့ပြီး ရေတိမ်ဖြစ်ပွားကာ မျက်စိအမြင်အာရုံဆုံးရှုံးခဲ့ပါတယ်။ မိခင်နဲ့အဘွားတို့ဆီက မျိုးရိုးလိုက်ခဲ့တဲ့ အမြင်ချို့ယွင်းမှုရှိပေမယ့် ပုံမှန်ဘ၀အတိုင်းနေထိုင်ရှင်သန်ဖို့ကြိုးစားခဲ့တဲ့ ဟီသာဟာ အခုအခါ ကလေး၁၀ယောက်ရဲ့ မိခင်ဖြစ်နေပါပြီ။ ကလေးထက်ဝက်က သူ့လိုမျက်စိမမြင်ကြဘူးလို့...
၊ မိုးမင်းထွန်း ၊ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမှ အသက် ၄၅နှစ်အရွယ် ဂျော်ဂျီနာကော့ကောရစ်စ်က ကိုယ်ဝန်ဆောင် ၁၈ပတ်အရွယ်ရှိနေချိန်မှာ ပါးစပ်ထဲမှာ အဖုတစ်ခုကို သတိထားမိခဲ့ပါတယ်။ သာမန်ပြည်တည်နာလို့သာ ထင်ခဲ့ပေမယ့် အရေပြားကင်ဆာတစ်မျိုးဖြစ်နေတာကို သိရှိခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့အသက်ရှင်အောင် ကလေးဖျက်ချဖို့ တိုက်တွန်းခဲ့ပေမယ့် သူကလက်မခံခဲ့ပါဘူး။...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံမှ အသက် ၄၇နှစ်အရွယ် ကယ်ဗင်အိုနေးလ်မှာ ၁၀ပေါင်အလေးချိန် ဘိုးလင်းဘောလုံးအရွယ်အစားရှိ အကျိတ်ကြီးဟာ နောက်ကျောမှာ ၁၂ ပတ်အတွင်း ကြီးထွားလာခဲ့ပါတယ်။ Myopericytoma ခေါ်တဲ့ ရှားပါးတဲ့ အကျိတ်ဖြစ်ပေါ်စေတဲ့ရောဂါလို့ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။ ကင်ဆာအထူးကုဆရာဝန်က အိုးနေးလ်သာ...
၊ မိုးမင်းထွန်း ၊ နှစ်စဉ် လူထောင်ပေါင်းများစွာဟာ ရုတ်တရက် နှလုံးအမောဖောက်တာကြောင့် သေဆုံးနေကြပါတယ်။ သေဆုံးသူတွေမှာ နှလုံးရောဂါမရှိသူတွေပါ ပါဝင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရ အမျိုးသား ၉ ယောက်မှာ ၁ ယောက်၊ အမျိုးသမီး အယောက် ၃၀မှာ တစ်ယောက်နှုန်းဟာ...
တရုတ်နိုင်ငံမှ ပလတ်စတစ်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ လူတစ်ယောက် ရဲ့ လက်မောင်းပေါ်မှာ နားရွက်အတုတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ Ji အမည်ရ လူနာက မတော်တဆထိခိုက်မှုတစ်ခုကြောင့် သူ့ညာဘက် နားရွက် ဆုံးရှုံးသွားခဲ့ပါတယ်။ အကြားအာရုံကို ပြန်ရစေဖို့ နားရွက်ပြန်လိုချင်တဲ့ သူ့ဆန္ဒအတွက် ဒေါက်တာ Guo Shuzhong...
၊ မိုးမင်းထွန်း ၊ နန်ကျင်းယန်စီမြစ်ကူးတံတားဟာ တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံးတံတားထဲမှာ ပါဝင်ပါတယ်။ ရထားလမ်းပါတဲ့ နှစ်ထပ်တံတားဖြစ်ပြီး လူသွားလမ်းကနေ အောက်ဘက် အရှိန်ဒလဟောစီးနေတဲ့ ယန်စီမြစ်အကြား အကွာအဝေးက ပေပေါင်း ၁၉၇ပေရှိပါတယ်။ အချက်အလက်တွေအရ ၁၉၆၈ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း တံတားကခုန်ချပြီး ကိုယ့်ကိုယ်...
၊ မိုးမင်းထွန်း ၊ မနက်စာ ရေခဲမုန့်တစ်ဂေါ်စားတာက ဦးနှောက်ကို မထင်မှတ်လောက်အောင် အကျိုးပြုစေကြောင်း ဂျပန်သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ တိုကျို ကျိုရင်တက္ကသိုလ်မှ ပါမောက္ခယိုရှိဟီကိုကိုဂါ ဦးဆောင်တဲ့ လက်တွေ့စမ်းသပ်မှုတစ်ခုမှာ ပါဝင်သူတွေကို မနက်အိပ်ရာထထချင်း ရေခဲမုန့်သုံးဇွန်း စားစေခဲ့ပါတယ်။ ပြီးနောက် သူတို့ကို ကွန်ပျူတာကနေ...