Health Tips
သွေးတွင်းကိုလက်စထရောများခြင်းကို ထိန်းချုပ်နိုင်စေရန်
သွေးတွင်းကိုလက်စထရောများတာက နှလုံးသွေးကြောဆိုင်ရာရောဂါဝေဒနာကိုဖြစ်စေတဲ့ အဓိကအန္တရာယ်တစ်ခုဖြစ်တာကြောင့် ထိန်းချုပ်ဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရောတွေများပြီး မကောင်းတဲ့ ကိုလက်စထရောတွေလျော့ကျစေဖို့ အောက်ပါအချက်တွေကို လိုက်နာပေးပါ။ (၁) ပြည့်ဝဆီအနည်းဆုံးပါသော အဆီနည်းအစာကိုပဲရွေးစားပါ။ အဆီထုတ်မထားတဲ့ အသား၊ ဒိန်ခဲ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေက ပြည့်ဝဆီပါဝင်တဲ့ အဓိကအစားအသောက်တွေဖြစ်ပါတယ်။ ဒါကြောင့် အဆီမပါတဲ့အမျိုးအစားကိုအဓိကရွေးဝယ်ဖို့လိုပါတယ်။...