Healthy Life Ad
Health Tips

သွေးတွင်းကိုလက်စထရောများခြင်းကို ထိန်းချုပ်နိုင်စေရန်

သွေးတွင်းကိုလက်စထရောများတာက နှလုံးသွေးကြောဆိုင်ရာရောဂါဝေဒနာကိုဖြစ်စေတဲ့ အဓိကအန္တရာယ်တစ်ခုဖြစ်တာကြောင့် ထိန်းချုပ်ဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ကိုလက်စထရောတွေများပြီး မကောင်းတဲ့ ကိုလက်စထရောတွေလျော့ကျစေဖို့ အောက်ပါအချက်တွေကို လိုက်နာပေးပါ။

(၁) ပြည့်ဝဆီအနည်းဆုံးပါသော အဆီနည်းအစာကိုပဲရွေးစားပါ။ အဆီထုတ်မထားတဲ့ အသား၊ ဒိန်ခဲ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေက ပြည့်ဝဆီပါဝင်တဲ့ အဓိကအစားအသောက်တွေဖြစ်ပါတယ်။ ဒါကြောင့် အဆီမပါတဲ့အမျိုးအစားကိုအဓိကရွေးဝယ်ဖို့လိုပါတယ်။

(၂) အမျှင်ဓာတ်ကို မှီဝဲပါ။ အမျှင်ဓာတ်က သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ အမျှင်ဓာတ်ကိုပဲအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ကွေကာနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အဓိကတွေ့ရပါတယ်။

(၃) လေ့ကျင့်ခန်းကို လုံလုံလောက်လောက်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက သွေးတွင်းကိုလက်စထရောများတာ၊ သွေးတိုးတာနဲ့ သွေးတွင်းသကြားဓာတ်များတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ မိနစ်၃၀နဲ့ တစ်ပတ်မှာ ငါးရက်လောက် လေ့ကျင့်ခန်းကို အသင့်အတင့်လုပ်ဆောင်ပေးသင့်ပါတယ်။ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကတော့ ရွရွပြေးတာ၊ စက်ဘီးအမြန်စီးတာ၊ ကခုန်တာတွေပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top