၊ မိုးမင်းထွန်း ၊
တက်ဆက်ပြည်နယ်၊ ဒါလက်စ်ရှိဆေးရုံအနီးမှာ နေထိုင်သူ ကလေးနှစ်ဦးမိခင် ၃၆ နှစ်အရွယ် သူနာပြုဆရာမ တေလာက မွေးရာပါ သားအိမ်မရှိ၊ သားသမီးမရနိုင်ဘဲ ကလေးရရန်ကြိုးပမ်းနေသူ မိသားစုတွေကို တွေ့ဆုံပြီးနောက် သားအိမ်လှူဒါန်းဖို့ သဘောတူခဲ့ပါတယ်။
ဆရာဝန်တွေက အသက် ၃၆နှစ်အရွယ် မွေးရာပါ သားအိမ်မပါတဲ့ ထိုအမျိုးသမီးကို သားအိမ်အစားထိုးပေးခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာ သန္ဓေတည်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဘေလာတက္ကသိုလ်ဆေးစင်တာမှာ ကလေးမွေးဖွားခဲ့ပါတယ်။ အခုဖြစ်ရပ်က ဆွီဒင်နိုင်ငံမှာ ပထမဆုံး သားအိမ်အစားထိုးပြီး အောင်မြင်စွာ ကလေးမွေးဖွားတာပဲ ဖြစ်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)