၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) Almond သစ်စေ့ဆိုတာ အခွံမာတဲ့ အစေ့အဆန်တစ်မျိုးပါ။ အရသာရှိရုံသာမက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာဖြစ်ပြီး ဗီတာမင်နဲ့ တခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နေ့စဉ်နေ့တိုင်း အယ်လ်မွန်သစ်စေ့ လေးစေ့စားပေးရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ကောင်းကျိုးတွေရရှိစေမှာပါ။ – သွေးတွင်းကိုလက်စထရော လျော့ကျစေပါတယ်...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) နိစ္စဓူဝ အလုပ်လုပ်နေရတဲ့သူတွေမှာ အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုခံစားရတတ်ပါတယ်။ အဲဒီလိုဖိစီးမှုဖြစ်နေကြောင်း သင့်ခန္ဓာကိုယ်ကအချက်ပြတဲ့အခါ အနားယူလိုက်ပါ။ အနားမယူဘဲ အလုပ်ကို ဆက်တိုက်လုပ်နေရင် အလုပ်မတွင်သလို စိတ်ရောကိုယ်ပါ ပိုပြီးနွမ်းနယ်ပင်ပန်းစေပါတယ်။ ဒီတော့ ခန္ဓာကိုယ်က အနားယူဖို့ပြသနေတဲ့ အချက်ပေးသံတွေကို သတိပြုကြည့်ရအောင်။...
၊ လရိပ်မေ ၊ ဗောက်ထတာက ဦးရေပြားကို အလွန်အမင်းယားယံစေပါတယ်။ ဗောက်ပျောက်စေဖို့ဘယ် လိုရှမ်ပူကိုသုံးသုံး မသက်သာတဲ့သူတွေအတွက် ရှလကာရည်သုံးပြီး ဗောက်ဖယ်ရှားနည်းကို ရေးသားလိုက်ရပါတယ်။ အဆင့် (၁) အရင်ဆုံး ရှလကာရည်ကို သင့်ဆံပင်သားအနှံ့ လိမ်းပေးပါ။ မျက်စိတွေထဲ မဝင်စေဖို့သတိထားပါ။ ဆံပင်သား အနှံ့လိမ်းပြီးတဲ့အခါ...
ဘီယာဆိုင်တစ်ဆိုင်ထဲသို့ အသက်ကြီးကြီး လူတစ်ယောက် ဝင်လာပြီး ဘီယာမှာသောက်လေသည်။ အနည်းငယ် မူးလာချိန်တွင် ဘေးဘယ်ညာ ကြည့်လိုက်ရာ ဗလတောင့်တောင့်နှင့် လူမိုက်ပုံစံ ခပ်ကြမ်းကြမ်းတစ်ယောက်ကို လှမ်းတွေ့လိုက်သည်။ ထိုဗလကြီးထိုင်နေတဲ့ စားပွဲကိုသွားပြီး မျက်နှာချင်းဆိုင်ကာ ရန်စလေသည်။ “ကောင်လေး… ငါ မနက်က မင်းရဲ့အမေနဲ့ တွေ့ခဲ့တယ်ကွာ…...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မျှစ်ချဉ်က ကျန်းမာရေးနဲ့ညီညွတ်သလား မေး. မျှစ်ချဉ်စားရင် ကျန်းမာရေးအတွက် သင့်တော်ပါသလားရှင့်။ ကျွန်မက မျှစ်ချဉ်ကိုအရမ်းကြိုက်လို့ပါ။ ဖြေ. မျှစ်ချဉ်စားရင် လူငယ်တွေအများစုအတွက်ကတော့ သင့်တော်ပါတယ်။ မျှစ်ချဉ်မှာ အမျှင်ဓာတ် (Insoluble Fiber) ပါဝင်တဲ့အတွက် ဝမ်းမှန်မှန်သွားစေပါတယ်။ အသက်ကြီးတဲ့သူတွေအတွက်ကတော့...
မေး. ဆရာ ကျွန်တော့်အမျိုးသမီးက ကိုယ်ဝန်တားဆေးကတ်ကိုစားနေပါတယ်။ ကျွန်တော်က မြို့မှာအလုပ်တက်လုပ်နေတော့ တစ်လတစ်ခေါက်လောက်ပဲပြန်ဖြစ်ပါတယ်။ ကျွန်တော် ဒီလပြန်မယ့်ရက်က သူရာသီလာမယ့်ရက်ဖြစ်နေပါတယ်။ အကြံဉာဏ်လေးပေးပါဆရာ။ ZZ (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. တားဆေးကတ်မှာ ၂၁ လုံးအထိပဲ ဟော်မုန်းဆေးပါတာပါ။ ၂၁လုံးသောက်ပြီးချိန်မှာ ကျန်တဲ့ဆေး...
ဒေါက်တာသီရိ (MBBS,MPH,DCH) သွေးလန့်တာမဖြစ်ခင် အဖျားကျသွားတတ်ပါတယ်။ အဲဒီတော့နေကောင်းသွားပြီထင်ပြီး အန္တရာယ်လက္ခဏာတွေကို လျစ်လျူရှုမိတတ်ပါတယ်။ အန္တရာယ်လက္ခဏာ တွေပေါ်လာပြီးနောက် ၂၄-၄၈နာရီက အင်မတန်အရေးကြီးပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန် တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ Aedes အေးဒီးစ်လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ – ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ...