၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) သင့်ခန္ဓာကိုယ်အတွက် သင်လုပ်သင့်တဲ့အကောင်းဆုံး အလေ့အထတွေရှိပါတယ်။ ဒီအလေ့အထတွေထဲက ဘယ်နှခုလောက်ကို သင်လုပ်ခဲ့မိပါသလဲ။ တကယ်လို့ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် သင့်ကျန်းမာရေး ကောင်းမွန်နေစေဖို့ အောက်ပါအလေ့အထတွေကို လုပ်ဆောင်သင့်ပါတယ်။ (၁) တရားထိုင်ခြင်း တစ်နေ့ ၁၀-၂၀ မိနစ်ခန့် ပုံမှန်တရားထိုင်ပြီး...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ဝါရှင်တန်မှာနေတဲ့ အသက် ၅၃ နှစ်အရွယ်ရှိ အန်းပေါ့တစကီဆိုသူက “ကိုယ်အလေးချိန် ၁၂၀ ပေါင် လျော့ ကျခဲ့တယ်”လို့ဆိုပါတယ်။ သူဟာ ကောလိပ်က အစား သောက်ဝန်ဆောင်မှုစင်တာမှာ အာဟာရအကဲဖြတ်သူအနေနဲ့ စတင်လုပ်ဆောင်ခဲ့တဲ့အချိန်မှာ ကိုယ်အလေးချိန်ပြဿနာ ဖြစ်လာခဲ့ပါတယ်။...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ကျောင်းမှာ၊ အလုပ်မှာ ရေပန်းစားတဲ့ မိန်းကလေးတွေကို အားကျနေပါသလား၊ လူအများချစ်ခင်မြတ်နိုးရတဲ့ မိန်းကလေးတွေကို သဘောကျမိပါသလား။ သင်အားကျနေတဲ့ သူတွေက တခြားသူတွေထက် ထူးကဲတဲ့ အလှတရားကို ပိုင်ဆိုင်ထားတာ မဟုတ်ဘဲ ယုံကြည်မှုရှိတဲ့ စိတ်ခွန်အားကြောင့် ပိုမို...
၊ မိုးမင်းထွန်း ၊ အသက် ၉ နှစ်အရွယ် ပါရှန်းကြောင်အမျိုးအစားဖြစ်တဲ့ ဆင်ဘက်ဟာ အလေးချိန် ၅ပေါင်ရှိတဲ့ အမွှေးတွေဖုံးအုပ်နေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ကော်ဇာတွေဆွဲလာတဲ့ ကြောင်ကလေးလို့ ထင်ရပါတယ်။ ပိုင်ရှင်အဖိုးအိုဟာ နေမကောင်းတာကြောင့်ကြောင်ကလေးစင်ဘက်ကို မစောင့်ရှောက်နိုင်ခဲ့တာ အတော်ကြာနေခဲ့ပါပြီ။ ဆင်ဘက်ဟာ အားနည်းနေပြီး အစားစားချင်စိတ်မပြသတဲ့အပြင်...
ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) အသက် ၇၀အရွယ် ပြင်သစ်အမျိုးသမီးကြီးဆိုဖီဟာ ဧည့်လမ်းညွှန်အမျိုးသမီးငယ်တစ်ဦး၊ ခရီးသွားအေဂျင်စီက တာဝန်ရှိအမျိုးသမီးကြီး တစ်ဦးတို့နဲ့အတူ ဆရာ့ရုံးခန်းရှေ့က ခုံတန်းတွေမှာစောင့်နေကြပါတယ်။ ဆိုဖီရဲ့စိတ်ထဲမှာတော့ လေယာဉ်ကွင်းရောက်နေတယ်လို့ ထင်နေပါတယ်။ သူနဲ့အတူပါလာတဲ့ ဧည့်လမ်းညွှန်နဲ့ ခရီးသွားအေဂျင်စီက အမျိုးသမီးတို့ကို “ငါရဲ့လေယာဉ်လက်မှတ်ဘယ်မှာလဲ၊ ဘယ်အချိန်လေယာဉ်ပေါ်တက်ရမှာလဲ”လို့ တတွတ်တွတ်မေးနေပါတယ်။...
မေး. အမျိုးသားတစ်ဦးဟာ သုက်လွှတ်တဲ့အခါသွေးပါတာ တစ်နည်းအားဖြင့် သုက်ရည်ဟာ သွေးရောင်မျိုးတွေဖြစ်နေတာ စိုးရိမ်ရပါသလားခင်ဗျာ။ ဘာကြောင့် ဖြစ်နိုင်ပါသလဲခင်ဗျာ။ WM (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. အမျိုးသားတွေမှာ သုက်ရည်အရောင်ဟာ နို့ရည်လို ခပ်ပျစ်ပျစ်ချွဲချွဲ ဖြစ်ပါတယ်။ အညိုရောင် အနီရောင်ပါနေတာက သွေးပါနေခြင်းဖြစ်နိုင်ပါတယ်။...
ပါမောက္ခဦးအေးမွန်( ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံခြင်း ) မေး ။ ရေဖျင်းစွဲခြင်းအကြောင်း ရှင်းပြပေးပါဆရာ။ ဖြေ ။ ဗိုက်ထဲမှာ ရေတွေစုစေ၊ ရေဖျင်းစွဲစေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ ဝမ်းခေါင်းထဲမှာရှိတဲ့ Venous Pressure (သွေးပြန်ကြောနံရံပေါ်က ဖိအား)က များရင်လည်း ဖြစ်တတ်ပါတယ်။...