Healthy Life Ad
Q & A

အာဟာရအကြောင်း သိကောင်းစရာ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

မျှစ်ချဉ်က ကျန်းမာရေးနဲ့ညီညွတ်သလား

မေး. မျှစ်ချဉ်စားရင် ကျန်းမာရေးအတွက် သင့်တော်ပါသလားရှင့်။ ကျွန်မက မျှစ်ချဉ်ကိုအရမ်းကြိုက်လို့ပါ။

ဖြေ. မျှစ်ချဉ်စားရင် လူငယ်တွေအများစုအတွက်ကတော့ သင့်တော်ပါတယ်။ မျှစ်ချဉ်မှာ အမျှင်ဓာတ် (Insoluble Fiber) ပါဝင်တဲ့အတွက် ဝမ်းမှန်မှန်သွားစေပါတယ်။ အသက်ကြီးတဲ့သူတွေအတွက်ကတော့ မျှစ်ချဉ်စားရင် ယူရစ်အက်ဆစ် (Uric Acid) ကိုတက်စေတဲ့အတွက် များများမစားသင့်ပါဘူး။ အသက် ၂၀ အရွယ်မှာ မျှစ်ချဉ်စားရင် ဘာမှမဖြစ်တတ်ပေမယ့် ကြီးတဲ့အရွယ်တွေကတော့ တစ်ပတ်မှာ တစ်ခါ-နှစ်ခါလောက်ပဲ စားသင့်ပါတယ်။

စပျစ်သီးအစေ့ စားမိရင်

မေး. စပျစ်သီးအစေ့စားမိရင် ဘာဖြစ်တတ်ပါသလဲရှင့်။

ဖြေ. စပျစ်သီးအစေ့က အကြမ်းအားဖြင့် ဘာမှမဖြစ်တတ်ပေမယ့် အူအတက်ကို ရောက်သွားရင်တော့ အူအတက်ခွဲရတတ်ပါတယ်။ စပျစ်သီးအစေ့ကို ညက်အောင်ဝါးတယ်ဆိုရင် ဒါမှမဟုတ် အူထဲရောက်သွားရင် ဘာမှမဖြစ်ပါဘူး။ ကံဆိုးပြီး အူအတက်ထဲရောက်သွားရင်တော့ အူအတက်ရောင်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top