Healthy Life Ad
Health Tips

တစ်နေ့ အယ်လ်မွန်သစ်စေ့ လေးစေ့စားရုံနဲ့ သင့်ခန္ဓာကိုယ်ဘယ်လိုပြောင်းလဲသွားမှာလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

Almond သစ်စေ့ဆိုတာ အခွံမာတဲ့ အစေ့အဆန်တစ်မျိုးပါ။ အရသာရှိရုံသာမက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာဖြစ်ပြီး ဗီတာမင်နဲ့ တခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နေ့စဉ်နေ့တိုင်း အယ်လ်မွန်သစ်စေ့ လေးစေ့စားပေးရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ကောင်းကျိုးတွေရရှိစေမှာပါ။

– သွေးတွင်းကိုလက်စထရော လျော့ကျစေပါတယ်

တစ်နေ့မှာ အယ်လ်မွန်သစ်စေ့ လေးစေ့ခန့် စားပေးရုံနဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ မကောင်းတဲ့ကိုလက်စထရော အဆီများလွန်းရင် တစ်နေ့အယ်လ်မွန်သစ်စေ့ ၂၀အထိ တိုးစားနိုင်ပါတယ်။

– ဆံကေသာ ကျန်းမာသန်စွမ်းစေပါတယ်

အယ်လ်မွန်သစ်စေ့မှာ ဆံပင်သား သန်စွမ်းရှင်သန်ရေးအတွက် အရေးပါတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများအပြားပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ဇင့်(သွပ်)ဓာတ်က ဆံပင်ရှည်အောင်လှုံ့ဆော်စေပြီး ဗီတာမင်အီးက ဆံပင်သန်စွမ်းစေပါတယ်။ ဗီတာမင်ဘီက ဆံပင်တောက်ပြောင်ပြီး မကျွတ်အောင် ကာကွယ်ပေးပါတယ်။

– နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်

အယ်လ်မွန်သစ်စေ့မှာပါတဲ့ အင်တီအောက်ဆီးဒင့်၊ မပြည့်ဝဆီ၊ မဂ္ဂနီဆီယမ်နဲ့ ကြေးနီတွေက နှလုံးနဲ့သွေးကြောကို ကောင်းကောင်းထောက်ပံ့ပေးပါတယ်။

– အရေးကြောင်း ကင်းစင်စေပါတယ်

အယ်လ်မွန်သစ်စေ့မှာ မဂ္ဂနိစ်အများအပြားပါဝင်တာကြောင့် အသားအရေတင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်ပေးပါတယ်။ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးပါဝင်တာကြောင့် အိုမင်းမှုလက္ခဏာတွေကို တွန်းလှန်ပေးပါတယ်။

– ဘက်တီးရီးယားမျှခြေကို ဟန်ချက်ညီစေပါတယ်

အယ်လ်မွန်သစ်စေ့မှာပါတဲ့ အကျိုးပြုဘက်တီးရီးယားက အူလမ်းကြောင်းရှိ ကောင်းတဲ့ဘက်တီးရီးယားတွေကို ပွားများစေပါတယ်။ အူလမ်းကြောင်းမှာ ဘက်တီးရီးယားမျှခြေမမှန်ရင် ဗိုက်အောင့်တာ၊ ခံတွင်းနံ့နံတာနဲ့ အစာမကြေတာတို့လို လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။

– ကိုယ်အလေးချိန် ထိန်းပေးပါတယ်

လေ့လာမှုအရ အယ်လ်မွန်သစ်စေ့စားလိုက်ရင် ကြာကြာဗိုက်ပြည့်စေတာကြောင့် ကာဗိုဟိုက်ဒရိတ်တွေအစားနည်းသွားပြီး ကိုယ်အလေးချိန် ထိန်းပေးတယ်လို့သိရပါတယ်။

– ဦးနှောက်လုပ်ငန်းဆောင်တာ ကောင်းမွန်စေပါတယ်

အယ်လ်မွန်သစ်စေ့ကို ပုံမှန်စားပေးရင် ဗီတာမင်အီးနဲ့ ဖက်တီးအက်စစ်တွေရရှိစေတဲ့အတွက် ဦးနှောက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်၊ ဦးနှောက်အိုမင်းမှုကို လျော့ကျစေပါတယ်။

မှတ်ချက်

အယ်လ်မွန်သစ်စေ့ကို အလွန်အမင်းမစားသင့်ပါဘူး။ တစ်နေ့မှာ အများဆုံးအစေ့ ၂၀-၃၀ အထိ စားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top