ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း Q. မျက်စိထဲက ဘာကြောင့်သွေးထွက်ရတတ်ပါသလဲ ဆရာ။ A. သွေးထွက်တယ်ဆိုတာ ယေဘုယျအားဖြင့်ပြောရရင် သွေးကြောတစ်ခုကပေါက်သွားလို့ သွေးထွက်တဲ့အခြေအနေပါ။ သွေးထွက်တာက ဒဏ်ရာရလို့ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် မျက်ခွံမှာလည်း သွေးခဲတွေဖြစ်နိုင်တယ်။ မျက်မြှေးမှာလည်း...
ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။ Q. တစ်နှစ်အရွယ်ကလေးက သာမန်လူတွေလို ခြေဖဝါးမခွက်ဘဲ ပြားနေပါတယ်။ အဲဒီလို ခြေဖဝါးမခွက်တာက စိုးရိမ်ရပါသလား ဆရာ။ မနီ၊ သာကေတ။ A. သာမန်ခြေဖဝါးတွေက လမ်းလျှောက်တဲ့အခါမှာ ခြေထောက်ကိုဖိလိုက်တဲ့အရှိန်နဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်ဖို့အတွက် ခြေဖဝါးကအလယ်နေရာကချိုင့်ပြီး...
မီမိုးမေ(ဆေးဝါးတက္ကသိုလ်) အူမကြီး(Colitis)ရောင်ရမ်းနေချိန်မှာ အဖြစ်များတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဗိုက်အောင့်ခြင်း အူမကြီးရောင်ရမ်းတာက အစာဟောင်းအိမ်နဲ့ အူမကြီးရဲ့ အတွင်းလိုင်းတွေကို ထိခိုက်စေနိုင်ပြီး အစာအိမ်အနာကို ဖြစ်စေနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ထိခိုက်မှုကြောင့် ပြင်းထန်တဲ့ ဗိုက်အောင့်ဝေဒနာရတာ၊ ဗိုက်နာတာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။...
ပါမောက္ခဦးသိန်းမြင့် ပါမောက္ခ၊ ဌာနမှူး၊ မကွေးဆေးတက္ကသိုလ် ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဖြေကြားသည်။ Q. ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲမှာ အခြေခံရောဂါရှိသူဦးရေက များတယ်ဆိုတော့ အကယ်၍ သံသယလူနာရောက်လာခဲ့ရင် ဆရာတို့ဆေးရုံမှာ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါသလဲ ဆရာ။ A. COVID...
ပါမောက္ခဦးသိန်းမြင့် (ပါမောက္ခ၊ ဌာနမှူး၊ မကွေးဆေးတက္ကသိုလ်) ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဖြေကြားသည်။ Q. COVID 19 ကိုရိုနာဗိုင်းရပ်စ်ပိုးဝင်တဲ့အခါ ကိုယ်ခံအားနည်းတဲ့သူတွေဆိုရင် စိုးရိမ်ရတယ်ဆိုပြီး ပြောနေကြပါတယ်။ ကိုယ်ခံအားစနစ် နည်းသူတွေထဲမှာ ဆီးချိုရောဂါရှိသူတွေ ပါတယ်လို့ ပြောနေတဲ့အတွက် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကိုယ်ခံအားစနစ်မြင့်တက်အောင် ဘယ်လိုဂရုစိုက်...
ပါမောက္ခဦးကိုကို (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။ Q. အသက်က ၃၁ နှစ်ပါ။ အစားအသောက်မှားရင် မကြာခဏကျပ်သလို ခံစားနေရလို့ပါ။ ရင်ကျပ်ပန်းနာအကြောင်း သိချင်ပါတယ်။ A. ရင်ကျပ်ပန်းနာသမားက နှစ်မျိုးရှိပါတယ်။ အသက်ငယ်ငယ်မှာဖြစ်တတ်တဲ့ ရင်ကျပ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ ရင်ကျပ်ရောဂါပါ။ အသက်...
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က COVID-19 နှင့် ပတ်သက်ပြီး ၂၀၂၀ မတ်လ ၁၁ ရက်နေ့တွင် မီဒီယာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ အဓိကအချက်လေးချက်ကို ပြောကြားခဲ့သည်။ “အဓိကအချက်လေးချက်ကို ကျွန်တော်အတိုချုပ်ပြောပြပါရစေ။” ပထမဦးစွာ အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ပါ။ ဒုတိယအချက်မှာ ရောဂါရှာဖွေဖော်ထုတ်ပါ၊ ကာကွယ်ပါနဲ့ကုသပါ။ တတိယအချက်က ရောဂါပျံ့နှံမှုကိုလျှော့ချပါ။...
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။ Q. ဘယ်လိုလူတွေက ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါဖြစ်နိုင်ခြေ ပိုများပါသလဲ ဆရာ။ A. ဝူဟန်ကိုရိုနာဗိုင်းရပ်စ် (COVID-19)က အသက်ရှူလမ်းကြောင်းက ဝင်လာတဲ့အတွက် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ နေရာယူတယ်၊ ပြီးရင်ပွားတယ်၊ ဗိုင်းရပ်စ်တစ်ကောင်တည်း ဝင်လာလို့ကတော့ ရောဂါလက္ခဏာ ပေါ်မှာမဟုတ်ပါဘူး။...
လရိပ်မေ (၁) အနံ့ (Scent) မိတ်ကပ်အလှကုန်ပစ္စည်းတွေထဲမှာ အမွှေးနံ့တွေကိုထည့်တာကြောင့် အသားအရေ၊ အထူးသဖြင့် ထိခိုက်လွယ်တဲ့အသားအရေကို ဓာတ်မတည့်မှုတွေဖြစ်စေပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ပါတယ်။ အမွှေးနံ့ ဒါမှမဟုတ် ရေမွှေးနံ့ဆိုင်ရာ ပါဝင်ပစ္စည်းတွေ ပိုနည်းတဲ့အလှကုန်တွေက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အကောင်းဆုံးက သဘာဝအမွှေးနံ့ပါတဲ့ အလှကုန်ကို သုံးသင့်တာပါ။...
စူး (ဆေးဝါးတက္ကသိုလ်) တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်နေရတာကြောင့် ဒါမှမဟုတ် ခံတွင်းသန့်ရှင်းရေးညံ့ဖျင်းတာကြောင့် သွားဖုံးတွေရောင်ရမ်းကာ နီမြန်းပြီး တင်းမာနေတတ်ပါတယ်။ သွားဖုံးနီမြန်းရောင်ရမ်းမှုတွေဖြစ်ရင် သက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လုပ်ဆောင်သင့်ပါတယ်။ သွားဖုံးကိုစပ်ဖျဉ်းဖျဉ်းဖြစ်စေမယ့် ဆေးရွက်ကြီး၊ ခံတွင်းသန့်ဆေးရည်နဲ့ အယ်လ်ကိုဟောတို့လိုအရာတွေနဲ့ မထိတွေ့သင့်ပါဘူး။ အာဟာရမျှတတဲ့ အစားအသောက်တွေကို...