ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း Q. မျက်စိထဲက ဘာကြောင့်သွေးထွက်ရတတ်ပါသလဲ ဆရာ။ A. သွေးထွက်တယ်ဆိုတာ ယေဘုယျအားဖြင့်ပြောရရင် သွေးကြောတစ်ခုကပေါက်သွားလို့ သွေးထွက်တဲ့အခြေအနေပါ။ သွေးထွက်တာက ဒဏ်ရာရလို့ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် မျက်ခွံမှာလည်း သွေးခဲတွေဖြစ်နိုင်တယ်။ မျက်မြှေးမှာလည်း...
ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။ Q. တစ်နှစ်အရွယ်ကလေးက သာမန်လူတွေလို ခြေဖဝါးမခွက်ဘဲ ပြားနေပါတယ်။ အဲဒီလို ခြေဖဝါးမခွက်တာက စိုးရိမ်ရပါသလား ဆရာ။ မနီ၊ သာကေတ။ A. သာမန်ခြေဖဝါးတွေက လမ်းလျှောက်တဲ့အခါမှာ ခြေထောက်ကိုဖိလိုက်တဲ့အရှိန်နဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်ဖို့အတွက် ခြေဖဝါးကအလယ်နေရာကချိုင့်ပြီး...
မီမိုးမေ(ဆေးဝါးတက္ကသိုလ်) အူမကြီး(Colitis)ရောင်ရမ်းနေချိန်မှာ အဖြစ်များတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဗိုက်အောင့်ခြင်း အူမကြီးရောင်ရမ်းတာက အစာဟောင်းအိမ်နဲ့ အူမကြီးရဲ့ အတွင်းလိုင်းတွေကို ထိခိုက်စေနိုင်ပြီး အစာအိမ်အနာကို ဖြစ်စေနိုင်ပါတယ်။ အစာအိမ်အူလမ်းကြောင်း ထိခိုက်မှုကြောင့် ပြင်းထန်တဲ့ ဗိုက်အောင့်ဝေဒနာရတာ၊ ဗိုက်နာတာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။...
ပါမောက္ခဦးသိန်းမြင့် ပါမောက္ခ၊ ဌာနမှူး၊ မကွေးဆေးတက္ကသိုလ် ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဖြေကြားသည်။ Q. ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲမှာ အခြေခံရောဂါရှိသူဦးရေက များတယ်ဆိုတော့ အကယ်၍ သံသယလူနာရောက်လာခဲ့ရင် ဆရာတို့ဆေးရုံမှာ ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါသလဲ ဆရာ။ A. COVID...
ပါမောက္ခဦးသိန်းမြင့် (ပါမောက္ခ၊ ဌာနမှူး၊ မကွေးဆေးတက္ကသိုလ်) ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဖြေကြားသည်။ Q. COVID 19 ကိုရိုနာဗိုင်းရပ်စ်ပိုးဝင်တဲ့အခါ ကိုယ်ခံအားနည်းတဲ့သူတွေဆိုရင် စိုးရိမ်ရတယ်ဆိုပြီး ပြောနေကြပါတယ်။ ကိုယ်ခံအားစနစ် နည်းသူတွေထဲမှာ ဆီးချိုရောဂါရှိသူတွေ ပါတယ်လို့ ပြောနေတဲ့အတွက် ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကိုယ်ခံအားစနစ်မြင့်တက်အောင် ဘယ်လိုဂရုစိုက်...