Healthy Life Ad
Q & A

ရင်ကျပ်သလို ခံစားရတယ် . .

ပါမောက္ခဦးကိုကို (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. အသက်က ၃၁ နှစ်ပါ။ အစားအသောက်မှားရင် မကြာခဏကျပ်သလို ခံစားနေရလို့ပါ။ ရင်ကျပ်ပန်းနာအကြောင်း သိချင်ပါတယ်။

A. ရင်ကျပ်ပန်းနာသမားက နှစ်မျိုးရှိပါတယ်။ အသက်ငယ်ငယ်မှာဖြစ်တတ်တဲ့ ရင်ကျပ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ ရင်ကျပ်ရောဂါပါ။ အသက် ၃၁ နှစ်လောက်မှာ ဖြစ်တာဆိုရင် အသက်ငယ်ချိန်မှာ ဖြစ်တတ်တဲ့ ရင်ကျပ်ရောဂါပါ။ အဲဒီရောဂါမှာလည်း အစားအသောက်မတည့်တဲ့အခါမျိုးမှာ ရင်ကျပ်တာ ဖြစ်တတ်ပါတယ်။ ၁၀ ရက်လောက်ကျပ်ပြီး နောက်ပြန်ကောင်းသွားတတ်ပါတယ်။ လုံးဝဆေးသောက်ဖို့မလိုဘဲ ပြန်ပျောက်သွားပြန်ပါတယ်။ နောက်တစ်ခါ မတည့်တဲ့အနံ့တွေရရင် အစားအသောက်တွေ ပြန်စားမိရင် ပြန်ဖြစ်တာမျိုးဆိုရင် ဖြစ်တဲ့အချိန်မှာပဲ ဆေးသောက်ဖို့လိုပါတယ်။ ဒါကို Apisotic Asthma လို့ခေါ်ပါတယ်။ ကာကွယ်ဆေးတွေသောက်ဖို့ မလိုပါဘူး။ အဲ့ဒီ Apisotic က နောက်ပိုင်းသိပ်ဆိုးလာရင် နာတာရှည် (Chronic) ဖြစ်သွားပါတယ်။ အမြဲတမ်းကျပ်နေတတ်ပါတယ်။ ဆေးကလည်း အမြဲသောက်နေရတတ်ပါတယ်။

အဲလိုမျိုးတွေဆိုရင် စတီးရွိုက်ပါတဲ့ရှူဆေးတွေကို အမြဲရှူပေးနေဖို့ လိုပါလိမ့်မယ်။ ဒါကလည်း နောက်ထပ်ထပ်မဖြစ်လာအောင် ကာကွယ်တာမျိုးပဲ ဖြစ်ပါတယ်။ အရမ်းကျပ်တဲ့အခါမှာတော့ Nebulizer ကိုရှူပါ။ ပုံမှန်အချိန်မှာတော့ စတီးရွိုက်နဲ့ Ventolin ပါတဲ့ ရှူဆေးတွေကို ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ကျပ်ကျပ်၊ မကျပ်ကျပ် ရှူပေးဖို့လိုပါတယ်။ ဒါမှနောက်ထပ်မဖြစ်ဖို့ ဝေးသွားမှာဖြစ်ပါတယ်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုး ဖြစ်ရင်လည်း မြန်မြန်ကုပေးဖို့လိုပါတယ်။ ဓာတ်မတည့်လို့ ဖြစ်တာတွေကိုလည်း မှတ်သားထားပြီး မတည့်တဲ့အနံ့၊ အထိအတွေ့၊ အစားအသောက်တွေကိုလည်း ရှောင်ဖို့လိုပါတယ်။ ရာသီဥတုအပြောင်းအလဲကိုလည်း သတိထားရပါမယ်။ တချို့က အရမ်းရယ်ရင် ရင်ကျပ်တတ်တယ်ဆိုရင်လည်း အဲဒါကိုရှောင်ပါ။ အသက်ကြီးတဲ့ အဘိုး၊အဘွားတွေဆိုရင် တုပ်ကွေးကာကွယ်ဆေးတွေ ထိုးခိုင်းပါတယ်။ စိတ်ဖိစီးမှုနဲ့လည်းဆိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top