၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) ခါးနာနေချိန်တပ်ရသည့် ကျန်းမာရေးခါးပတ်ပြားကို ကြာရှည်စွာမတပ်သင့်ကြောင်း၊ ကြာရှည်စွာ ပတ်ထားလိုက်လျှင် ခါးကိုသဘာဝအရ ထိန်းထားပေးသည့် ခါးကြွက်သားများ သိမ်သွားတတ်ကြောင်း အရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးနေ၀င်းက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။ “ခါးနာတဲ့သူတွေကိုပေးတဲ့ ခါးပတ်ကို Lumber...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) စက္ကန့် ၃၀တိုင်းတွင် ကမ္ဘာ၏တစ်နေရာ၌ ဆီးချိုသွေးချိုရောဂါရှင်တစ်ဦးဦး၏ ခြေတစ်ဖက်ဆုံးရှုံးနေကြောင်း ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးပါမောက္ခဦးကိုကိုက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။ “ ခြေထောက်ဖြတ်တောက်ခံရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းက ဆီးချိုသွေးချိုရောဂါရှင်တွေဖြစ်ပြီး လူနာအများစုက သေးငယ်တဲ့အနာက...
ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. စီပိုးကို အရင်ကုထုံးနဲ့ ကုထားပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း စီပိုးပြန်ပေါ်လာလို့ ပြန်ကုမယ်ဆိုရင် ဘယ်ကုထုံးနဲ့ ကုရမှာပါလဲဆရာ။ ဖြေ. အမေရိကန်အစိုးရရဲ့လမ်းညွှန်ချက် (Guide Line) က ရှိပြီးသားပါ၊ စီပိုးမပျောက်ဘူးဆိုတာ မရှိပါဘူး၊...
၊ မိုးမင်းထွန်း ၊ ဗြိတိန်နိုင်ငံ၊ ဟိုက်အရပ်မှာနေထိုင်တဲ့ အောက်ကလေလန်ဂရမ်ဆိုတဲ့ ကလေးငယ်ဟာ မွေးရာပါ လည်ချောင်းနာနဲ့ အစာအိမ်အချဉ်ဆန်တက်တဲ့ ရောဂါတို့ကြောင့် အစာမစားနိုင်တဲ့ ရှားပါးဝေဒနာတစ်ခုကို ခံစားနေရပါတယ်။ သူဟာ တစ်နေ့ကို အကြိမ်တစ်ရာခန့် အော့အန်နေတာကြောင့် ပုံမှန်အစာမစားနိုင်တော့ဘဲ သူ့ခန္ဓာကိုယ် အတွင်းကို အစာသွင်းပိုက်မှတစ်ဆင့်...
– မချမ်းချမ်းတို့ မိသားစု ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအသောက်ကို ဘယ်လို စားဖြစ်ပါသလဲ။ မချမ်းချမ်းတို့ မိသားစုက အပြင်စာသိပ်မစားဖြစ်ဘူး။ အိမ်မှာပဲ ချက်စားဖြစ်တယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့တော့ အပြင်မှာ သွားစားဖြစ်ပါတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီးအရွက် များများစားတယ်၊ အဆီအအိမ့်...
စူး( ဆေးဝါးတက္ကသိုလ်) တစ်နေ့မှာ လယ်သမားတစ်ယောက်ရဲ့ မြည်းတစ်ကောင်က ရေတွင်းထဲကို ပြုတ်ကျသွားခဲ့ပါတယ်။ လယ်သမားဟာ သူ့မြည်းကို ဘယ်လို ကယ်တင်ရမလဲဆိုတာ မသိဘဲဖြစ်နေတော့ မြည်းဟာ နာရီပေါင်းများစွာ ကြောက်လန့်တကြား ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြည်းက အိုမင်းနေတဲ့အတွက် ပြန်ရလည်း သိပ်တန်ဖိုးမရှိတော့ပါဘူးလို့ လယ်သမားက ဆုံးဖြတ်ခဲ့တယ်။...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် ဆီးချိုသွေးချိုရောဂါ စောစောသိခြင်း၏ အကျိုးကျေးဇူး ဆီးချိုသွေးချိုရောဂါတွေက “အသံတိတ် လူသတ်သမား” လို့ တင်စားရပြီး ဖြစ်လို့ဖြစ်နေမှန်းမသိရတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့သွေးချိုမစစ်ကြည့်ရသေးရင်‘ ငါ့မှာ ဆီးချိုသွေးချိုရောဂါ မရှိဘူး၊ ကျန်းမာနေတယ်’...
ဒေါက်တာဦးဇော်စိန်လွင်(ဆေးရုံအုပ်ကြီး-ငြိမ်း) စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး နီလာရဲ့ သူငယ်ချင်းမြသက်က အလုပ်မှာ တမှိုင်မှိုင် တတွေတွေ ဖြစ်နေတာ ရက်အတော်ကြာပါပြီ။ တစ်ခါတစ်ခါ ” စိတ်ညစ်တယ်ဟာ၊ ကိုယ့်ကိုယ် ကိုယ်တောင် သတ်သေပစ်ချင်တယ် “ ဆိုပြီး သူ့နှုတ်ကနေ လွှတ်ခနဲ ထွက်လာတတ်တယ်။ ”...
အရက်နာကျနေချိန်မှာ ခေါင်းကိုက်တာ၊ နုံးချည့်တာနဲ့ မှိုင်တွေတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ သံပရိုသီးနဲ့ ပျားရည်ရှိရုံနဲ့ သက်သာသွားစေမယ့် နည်းလမ်းကို အကြံပြုလိုက်ပါတယ်။ (၁) လတ်ဆတ်တဲ့ သံပရိုသီးအရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲ ထည့်မွှေပါ။...
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) အလုပ်လုပ်တဲ့ကလေးမေမေတွေက အလုပ်မသွားခင် မနက်ဆိုရင်နို့ညှစ်ပြီး ခွက်လေးတွေထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် တခြားနိုင်ငံတွေမှာ ၇၂ နာရီတောင်ထားပြီး ကလေးကိုတိုက်လို့ရပါတယ်။ ဒီမှာတော့ မီးကလည်းပျက်တတ်တဲ့အတွက် လေးနာရီအတွင်း အကုန်တိုက်ခိုင်းလိုက်ပါတယ်။ မိခင်နို့ကို ရေနွေးကြမ်းပန်းကန်လုံးလေးခွက်ထဲ ညှစ်ထည့်ပါ မေမေကအလုပ်ကို ရှစ်နာရီလောက်သွားမယ်ဆိုရင် မိခင်နို့ကို...