Healthy Life Ad
Q & A

မိုးရေကို သောက်ရေအဖြစ် သုံးလို့ရ၊ မရ

Q. မိုးရေကို မကျိုချက်ဘဲသော်လည်းကောင်း၊ ကျိုချက်ပြီးသော်လည်းကောင်း သောက်ရေအဖြစ် အသုံးပြုလို့ ရပါသလားခင်ဗျား။

ဒါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. မိုးရေကတော့ အကြမ်းဖျင်းအားဖြင့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ မပါဝင်ဘူးလို့ ယူဆလို့ ရပါတယ်။ တစ်ခုရှိတာက မိုးရေကိုတိုက်ရိုက်မခံဘဲ ရေတံလျှောက်တို့၊ စဉ့်အိုးတို့၊ ခွက်တို့ကမသန့်ရင် ပိုးမွှားတွေပွားနိုင်ပါတယ်။ ဒီတော့ မိုးရေကို ကျိုချက်သောက်ရင်တော့ အကောင်းဆုံးပါပဲ။ တကယ်လို့ မိုးရေကို ကွင်းပြင်မှာခံပြီး ရေခံတဲ့ခွက်ကလည်း သန့်တယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးပါဝင်နှုန်း နည်းမယ်လို့ ဆရာယူဆပါတယ်။ ဒါပေမဲ့ သိုလှောင်ရာမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးပါလို့ ပွားနေခဲ့မယ်ဆိုရင်တော့ မသန့်ရှင်းတဲ့ ရေအမျိုးအစားထဲ ပါဝင်သွားနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကျိုချက်ပြီးသောက်တာ အကောင်းဆုံးပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top