Healthy Life Ad
Health Tips

မိုးတွင်းကာလ တစ်မိသားစုလုံး ကိုယ်ခံစွမ်းအားကောင်းစေမည့် နည်းလမ်း ၇ ရပ်

———၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊———

မိုးတွင်းကာလမှာ ကလေးမှစပြီး လူကြီးအထိ တစ်မိသားစုလုံး ကိုယ်ခံစွမ်းအားကောင်းပြီး ကျန်းမာနေစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ရောင်စုံဟင်းသီးဟင်းရွက်များ စားပါ

ရောင်စုံဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်စားသောက်တာကြောင့် မိုးတွင်းမှာ ကိုယ်ခံအားစနစ် မြင့်တက်စေပါတယ်။

(၂) ဆားရေနွေးသုံးပြီး ပလုတ်ကျင်းပါ

မိုးတွင်းမှာ မိုးမိရင် ဆားရေနွေးသုံးပြီး ပလုတ်ကျင်းပေးပါ။ ပြီးရင် ချင်းရေနွေးကြမ်းထဲ ပျားရည်နည်းနည်းထည့်ပြီး သောက်ပေးရင် ကူးစက်ပိုးမဝင်အောင် ကာကွယ်နိုင်ပါတယ်။

(၃) ဗီတာမင်စီများများ မှီဝဲပါ

ဗီတာမင်စီပါတဲ့ သစ်သီးဝလံတွေကို စားတာကြောင့် ကူးစက်ပိုးတွေနဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်စွမ်း ရှိစေပါတယ်။

(၄) ရေများများသောက်ပါ

မိုးတွင်းမှာ ရေ ဒါမှမဟုတ် ရေနွေးကြမ်းကို မကြာခဏ သောက်ပေးပါ။ မိုးမိလာချိန်မှာ ရေနွေးကြမ်းပူပူလေး သောက်ပေးသင့်ပါတယ်။

(၅) တစ်ကိုယ်ရေသနှ့်ရှင်းရေး အလေးထားပါ

အစာမစားခင်၊ အိမ်သာတက်ပြီးနောက်မှာ လက်တွေကို အမြဲဆေးပေးသင့်ပါတယ်။

(၆) ပတ်ဝန်းကျင်သန့်ရှင်းရေး ဂရုစိုက်ပါ

ခြင်ပေါက်ပွားရာ နေရာတွေမရှိအောင် ရှင်းလင်းပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထားသင့်ပါတယ်။

(၇) ချက်ပြုတ်ထားသော အစားအသောက်များ စားသောက်ပါ

ကောင်းစွာချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားပေးပါ။

Most Popular

Healthy Life Ad
To Top