မိန်းမနဲ့ လမ်းခွဲဖို့ စီစဉ်နေသူကို သူငယ်ချင်းဖြစ်သူက ဖျောင်းဖျပေးနေလေသည်။ “မင်းပြောတော့ သူနဲ့သာဆို ဘယ်လောက်အခက်အခဲတွေဖြစ်ဖြစ် ရင်ဆိုင်မှာပဲဆို” “စိတ်ညစ်ရလွန်းလို့ပါကွာ” “သူနဲ့မယူခင်က သေချာစဉ်းစားပါဆိုတုန်းက မင်းပဲ အချစ်မှာ မျက်စိမပါဘူးဆို” “အချစ်မှာမျက်စိမပါဘူးဆိုပေမယ့် မင်္ဂလာဆောင်ပြီးတာနဲ့ အမြင်တွေပွင့်သွားလို့ပေါ့ကွာ” (Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့်...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) ပူပြင်းတဲ့ နွေနေ့တစ်ရက်မှာ မြေခွေးတစ်ကောင်က စပျစ်ခြံထဲရောက်လာပြီး ဝင်းမှည့်နေတဲ့ စပျစ်ခိုင်တစ်ခိုင်ကို မြင်တွေ့လိုက်ရပါတယ်။ “ဒီစပျစ်ခိုင်ကြီးသာ စားလိုက်ရရင် ရေဆာနေတာ တော်တော်ပြေသွားမှာပဲ”လို့ သူတွေးလိုက်တယ်။ စပျစ်ခိုင်ဆီရောက်ဖို့ သူနောက်ပြန်ဆုတ်တယ်၊ ပြေးတယ်၊ ခုန်တယ်။ ဒါပေမဲ့ စပျစ်ခိုင်ဆီ...
လမ်းလျှောက်တာများလို့ ခြေထောက်နာနေတယ်ဆိုရင် သက်သာစေဖို့ ရေဘူးတစ်ဘူးကို အသုံးပြုပေးရပါမယ်။ ပြုလုပ်ရမယ့် နည်းကတော့ ရေဘူးထဲ ရေလေးပုံသုံးပုံထည့်ပြီး အအေးခံထားပါ။ ပြီးရင် ခြေဖဝါးအောက်မှာ ရေဘူးထားပြီး လှိမ့်ပေးရပါမယ်။ ခြေထောက် ညောင်းညာနေတဲ့နေ့၊ ခြေဖဝါး နာကျင်နေတဲ့နေ့တွေမှာ လုပ်ပေးရင် ရောင်ရမ်းမှုသက်သာစေပါတယ်။ (Healthy Life...
– စူး (ဆေးဝါးတက္ကသိုလ်) သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အလိုက် အောက်ပါအားကစားသုံးမျိုးကို ပြုလုပ်ပေးမယ်ဆိုရင် အံ့အားသင့်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။ (၁) တင်းနစ်ကစားခြင်း အံ့အားသင့်စရာကောင်းသော အကျိုးကျေးဇူး- ဝမ်းဗိုက်ကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေတာကြောင့် ကျောရိုးနဲ့ တင်ပဆုံရိုးနေရာတွေကို ဟန်ချက်ညီမျှစေပြီး ခါးနာတာမဖြစ်အောင်...
၊ ဇွန် ၊ သွားနဲ့ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး သွားဆရာဝန်တွေက သင့်ကို သိစေလိုတဲ့အချက်တွေကို ရေးသားလိုက်ရပါတယ်။ (၁) လူတွေက သင့်ကို ပထမဆုံးအကြိမ် စတွေ့တဲ့အခါ အရင်ဆုံး သူတို့သတိထားမိတာက သင်ရဲ့မျက်လုံးတွေဖြစ်ပြီး ဒုတိယအနေနဲ့ သတိထားမိတာက သင့်သွားတွေပါပဲ။ တတိယအနေနဲ့ကျမှ သင့်ဆံပင်တွေကို...
ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. အရိုးကျိုးတာကို စတီးချောင်းထည့်ပြီး ကုသမှုအကြောင်း သိပါရစေ ဆရာ။ ဖြေ. အရိုးထဲကို စတီးချောင်းထည့်ပြီး ကုတာကအခုမှ ထည့်တာမဟုတ်ပါဘူး။ ဒီလိုထည့်ပြီး ကုသတာက ကြာခဲ့ပါပြီ။ ပေါင်အရိုးကျိုးတယ်၊ ခြေထောက်အရိုးကျိုးတယ်ဆိုရင် စတီးချောင်းထည့်ပြီး ကုသတာကို Intra-medullary...
ဒေါက်တာညီညီကျော် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. အခုအခါမှာ ကီဖာကို လူအတော်များများက သောက်သုံးနေကြပါတယ်။ ကီဖာသောက်တာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးရရှိစေနိုင်ပါသလဲ ဆရာ။ ဖြေ. ကီဖာ (Kefir)ဆိုတာ နွားနို့ ဒါမှမဟုတ် ဆိတ်နို့က ထုတ်တာပါ။ ဒီတော့ ပရိုတင်း၊...
၊ ကိုထက် ၊ အဆင်သင့်အစာနဲ့ အဆီအအိမ့်များတဲ့ အစာစားတဲ့ အမျိုးသမီးတွေက သူတို့မိသားစုရဲ့ နောင်မျိုးဆက်သုံးဆက်အထိ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ အမျိုးသမီးတွေရဲ့ အဆင်သင့်အစာစားတဲ့အကျင့်က သူတို့ကလေး၊ မြေးနဲ့မြစ်တွေအထိတောင် အဝလွန်ခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်းနဲ့ အရက်၊ မူးယစ်ဆေးစွဲခြင်းတွေအထိ ဖြစ်စေနိုင်တယ်လို့...
မေး. ဆရာ လေဖြတ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ။ ဒေါက်တာတင့်ဆွေမှ ဖြေကြားပေးပါသည်။ ဖြေ. – Paralysis လေဖြတ်စေတဲ့ အကြောင်းတရားတွေကများတယ်။ အာရုံကြောစနစ်၊ အထူးသဖြင့် ခါးရိုးမကြီးထဲက အာရုံကြောမှာ တခုခုဖြစ်ရာကနေဆက်ဖြစ်တယ်။ – Trauma with nerve injury ထိခိုက်ဒဏ်ရာ၊...
ဒေါက်တာတင့်ဆွေ မေး. ကျွန်မယောင်းမက အသက် ၄၁ နှစ်ပါ။ အသက် ၂၅နှစ်ကနေစပြီး သွေးတိုးကျဆေး ဆက်တိုက်သောက်လာခဲ့ပါတယ်။ အခုတော့ သူ့ကျောက်ကပ် ကျုံ့နေတယ်လို့သိရပါတယ်။ နယ်မှာနေတော့ သွေးတိုးကျတဲ့ဆေးကိုသောက်ပြီး တခြားရောဂါကို မစစ်ဆေးခဲ့ဖူးပါ။ အခုပါမောက္ခ – -နဲ့ ပြတော့ ဆရာက...