Healthy Life Ad
Health Tips

သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်တို့က သင့်ကို သိစေလိုသည့် အချက်များ

၊ ဇွန် ၊

သွားနဲ့ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး သွားဆရာဝန်တွေက သင့်ကို သိစေလိုတဲ့အချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) လူတွေက သင့်ကို ပထမဆုံးအကြိမ် စတွေ့တဲ့အခါ အရင်ဆုံး သူတို့သတိထားမိတာက သင်ရဲ့မျက်လုံးတွေဖြစ်ပြီး ဒုတိယအနေနဲ့ သတိထားမိတာက သင့်သွားတွေပါပဲ။ တတိယအနေနဲ့ကျမှ သင့်ဆံပင်တွေကို သတိပြုမိတာပါ။ ဒါပေမဲ့ လူတွေကသွားတွေထက် ဆံပင်အတွက် ပိုပြီး ငွေကုန်ကြေးကျခံကာ ပြုပြင်နေကြပါတယ်။

(၂) သွားဆေးခန်းကိုလာတဲ့ လူနာတွေက နာမည်ကျော်သူတွေရဲ့ပုံတွေကို ယူဆောင်လာပြီး “ကျွန်မရဲ့သွားတွေကို သူ့လိုပုံစံမျိုးဖြစ်ချင်ပါတယ်” လို့ ပြောကြပါတယ်။ အဲဒီအခါမှာ ကျွန်တော်ပြန်ရှင်းပြချင်တဲ့ အချက်ရှိပါတယ်။ သင့်အနေနဲ့ အင်ဂျလီနာဂျိုလီလို အပြုံးမျိုးတော့ ပြုံးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုသွားတွေနဲ့ အံဝင်ခွင်ကျအဆင်ပြေတဲ့ မျက်နှာပုံစံမျိုး သင့်မှာမရှိတာကြောင့်ပါပဲ။

(၃) သင့်အနေနဲ့ သင့်ခံတွင်းထဲမှာ မကောင်းတဲ့ဘက်တီးရီးယားတွေလျှော့ချလိုတယ်ဆိုရင် Xylitol (ပီကေထဲမှာတွေ့ရတဲ့ သကြားအစားထိုးပစ္စည်း)ကို စားပေးဖို့ လိုပါတယ်။ Xylitol က သင့်ခံတွင်းရဲ့ ဓာတ်သဘာဝကို ပြောင်းလဲပစ်နိုင်ပါတယ်။ Xylitol ပါတဲ့ ပီကေခြောက်ခု၊ ခုနစ်ခုလောက် နေ့စဉ်စားရင် သွားပိုးစားရောဂါ ကင်းဝေးစေပါတယ်။

(၄) ခံတွင်းကို အပေါက်ဖောက်ပြီး အလှဆင်တာကကူးစက်ပိုးဝင်နိုင်ခြေများပါတယ်။ လျှာကို အပေါက်ဖောက်ပြီး အလှဆင်တာကြောင့် ပိုးဝင်ကာ လျှာဖြတ်လိုက်ရတဲ့သူတွေကို ကြုံဖူးပါတယ်။ တကယ်လို့ အဲဒီလို မဖြစ်ဘူးဆိုရင်တောင် လျှာကို အပေါက်ဖောက်တာကြောင့် ရှေ့သွားတွေပဲ့ထွက် တာမျိုးဖြစ်တတ်ပါတယ်။

(၅) လူတွေက ခက်ခဲကြန့်ကြာတဲ့ကိစ္စမျိုးဆိုရင် သွားနုတ်ရသလိုပဲလို့ တင်စားပြောဆိုတတ်ကြတယ်။ တကယ်တမ်းမှာ သွားနုတ်ရတာက လွယ်ကူမြန်ဆန်ပါတယ်။

(၆) သွားဆေးခန်းကိုမလာခင် ကြက်သွန်ဖြူတွေစားမလာခဲ့ရင် ကျေးဇူးတင်နေမှာပါ။

(၇) လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက ကလေးတွေက နို့ဘူးစို့ပြီး အိပ်ရင် သွားပျက်စီးနိုင်တယ်လို့ သွားဆရာဝန်တွေက မိဘတွေကို သတိပေးခဲ့ကြပါတယ်။ ဒါကြောင့် နို့ဘူးစို့ရက်နဲ့ ကလေးကို မအိပ်စေဖို့လိုပါတယ်။ ဒီသဘောတရားက အခုအထိလည်း ပြောင်းလဲမှုမရှိပါဘူး။

(၈) သွားဖုံးတွေကနေ သွေးထွက်တဲ့အခါ သင်တို့အနေနဲ့ ဘာမှကိစ္စမရှိပါဘူးလို့ပဲ ထင်နေကြပါတယ်။ သွားကို ခပ်ကြမ်းကြမ်း မတိုက်ဘဲနဲ့ သွားဖုံးကနေ သွေးတွေထွက်နေရင် ဒါက သွားပတ်မြှေးရောဂါ (Periodontal Disease) ဖြစ်နေနိုင်တာကြောင့် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top