Healthy Life Ad
Health Tips

အားကစားသုံးမျိုး၏ အံ့အားသင့်စရာကောင်းကျိုးများ

– စူး (ဆေးဝါးတက္ကသိုလ်)

သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အလိုက် အောက်ပါအားကစားသုံးမျိုးကို ပြုလုပ်ပေးမယ်ဆိုရင် အံ့အားသင့်စရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

(၁) တင်းနစ်ကစားခြင်း

အံ့အားသင့်စရာကောင်းသော အကျိုးကျေးဇူး- ဝမ်းဗိုက်ကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေတာကြောင့် ကျောရိုးနဲ့ တင်ပဆုံရိုးနေရာတွေကို ဟန်ချက်ညီမျှစေပြီး ခါးနာတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) ဂေါက်ရိုက်ခြင်း

အံ့အားသင့်စရာကောင်းသော အကျိုးကျေးဇူး – ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပါတယ်။ နှစ်စဉ်နှစ်တိုင်း အသက်၆၄နှစ်ကျော် လူကြီးသုံးဦး အနက်တစ်ဦးဟာ ခန္ဓာကိုယ်ဟန်ချက်မထိန်းနိုင်တာကြောင့် ချော်လဲတာနဲ့ လဲကျတာတွေဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိတတ်ပါတယ်။ ဂေါက်ရိုက်တာကတော့ လက်ရဲ့ထိန်းချုပ်နိုင်စွမ်းအားကို ကောင်းစေပြီး ခန္ဓာကိုယ်ရှိ ကြွက်သားတွေကို သန်စွမ်းကျန်းမာစေပါတယ်။

(၃) ရေကူးခြင်း

အံ့အားသင့်စရာကောင်းသော အကျိုးကျေးဇူး – ခန္ဓာကိုယ်အပေါ်ပိုင်းကို သန်စွမ်းစေပါတယ်။ အသက်၃၀ကျော်ပြီးချိန်မှာ ကြွက်သားထုထည်က စတင်ဆုံးရှုံးစပြုလာပြီး ကိုယ်အလေးချိန်တက်တာနဲ့ အရိုးအားနည်းတာတွေ ဖြစ်လာတတ်ပါတယ်။ လူအများစုက ခန္ဓာကိုယ်အပေါ်ပိုင်းကို သန်စွမ်းအောင် ဘာလေ့ကျင့်ခန်းကိုမှ လုပ်လေ့မရှိတာကြောင့် ရေကူးပေးဖို့လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top