Healthy Life Ad
Health Tips

ရေချိုးတဲ့အခါ လုပ်မိတတ်တဲ့ အမှားငါးရပ်

လရိပ်မေ

ရေချိုးတဲ့နည်းမမှန်ရင် အသားအရေကျန်းမာလှပရေးကို ထိခိုက်စေနိုင်ပါတယ်။

(၁) ပူလွန်းသောရေသုံးပြီး ရေချိုးခြင်း

ပူလွန်းတဲ့ရေက အသားအရေခြောက်သွေ့ပြီး အဖတ်တွေကွာနိုင်ပါတယ်။ အရေပြားရှိအဆီတွေကို ဆေးကြောသလိုဖြစ်စေပြီး အရေပြားရဲ့ခုခံနိုင်စွမ်းကို ကျစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အရေပြားရောင်ရမ်းတာ၊ နီမြန်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။

(၂) ရေချိုးချိန် ကြာလွန်းခြင်း

ရေပူသုံးပြီး ရေချိုးတာလိုပဲ ကြာကြာရေချိုးရင်လည်း အသားအရေကို ခြောက်သွေ့လွန်းစေပြီး အရေပြားနီမြန်းတာနဲ့ ယားယံတာတို့ကို ဖြစ်စေနိုင်ပါတယ်။ ရေချိုးချိန်က ယေဘုယျအားဖြင့် ၁၀ မိနစ်ခန့်ပဲ ကြာသင့်တာပါ။

(၃) အမြှုပ်ထဆပ်ပြာရည်များကို မကြာခဏသုံးလွန်းခြင်း

ဆပ်ပြာရည်က အမြှုပ်ထလေလေ အရေပြားအကာအကွယ်အဆီလွှာတွေကို ကင်းဝေးစေလေလေ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ အရေပြားခြောက်သွေ့ကြမ်းတမ်းလာတတ်ပါတယ်။

(၄) ဟောင်းနွမ်းစိုစွတ်သည့် ရေမြှုပ်များသုံးခြင်း

ဟောင်းနွမ်းစိုစွတ်တဲ့ ရေမြှုပ်တွေက ဘက်တီးရီးယားနဲ့ မှိုပိုးပေါက်ပွားဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါလဲသင့်ပါတယ်။ သုံးပြီး ခြောက်သွေ့အောင်ထားဖို့လည်းလိုပါတယ်။

(၅) ရေချိုးပြီး ခြောက်အောင်သုတ်လွန်းခြင်း

ရေချိုးပြီး ခန္ဓာကိုယ်ကို နူးညံ့တဲ့တဘက်နဲ့သုတ်ပေးပါ။ စိုထိုင်းဆနည်းနည်းလေး ကျန်နေချိန်မှာ လိုးရှင်းလိမ်းပေးပါ။ အသားအရေချောမွေ့ပြီး ကျန်းမာနေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top