Healthy Life Ad
Health Tips

ရေချိုးခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုးများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

– ရေချိုးတာက တစ်ကိုယ်ရေသန့်ရှင်းရောဂါကင်းစေသလို စိတ်ဖိစီးပင်ပန်းမှုကိုလည်း လျော့ပါးစေပါတယ်။

– ရေချိုးတာကြောင့် ညောင်းညာကိုက်ခဲတောင့်တင်းမှုတွေကို သက်သာစေပါတယ်။

– ရေချိုးတာကြောင့် အရေပြားဝေဒနာတွေကို ကင်းစင်စေပါတယ်။

– ရေချိုးတဲ့အတွက် ခန္ဓာကိုယ်အနံ့ဆိုးတွေကို ကင်းစင်သွားစေပါတယ်။

– ဆီးချိုရောဂါရှိတဲ့သူက နာရီဝက်ကြာ ရေချိုးရင် သွေးထဲက သကြားဓာတ် ၁၃ ရာခိုင်နှုန်း လျော့နည်းတယ်လို့ ဆေးပညာရှင် တချို့ကဆိုပါတယ်။

– ရေချိုးတာကြောင့် ခန္ဓာကိုယ် ပေါ့ပါးတက်ကြွ လန်းဆန်းစေပါတယ်။

ပျားရည်ထည့်ပြီး ရေချိုးခြင်း

ချိုးရေထဲကို ပျားရည်ထည့်ပြီး ချိုးတာကြောင့် ပျားရည်ထဲမှာပါတဲ့ ဖိုင်တိုကမ်မီကယ်ဟာ အရေပြားမှာရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ဖန်းဂတ်စ် အစရှိ တဲ့ပိုးမွှားတွေကိုသန့်စင်နိုင်ပြီး အရေပြားကို ချောမွေ့စိုပြည်စေပါတယ်။

ရနံ့ကုထုံးဖြင့် ရေချိုးခြင်း

အခုနောက်ပိုင်းမှာ Aeromatherapy လို့ ခေါ်တဲ့ ရနံ့ကုထုံးနဲ့ ရေချိုးလာကြပါတယ်။ ရေစိမ်ကန်ထဲမှာ လာဗန်ဒါပန်း၊ ချမိုမိုင်း၊ နှင်းဆီ အစရှိတဲ့ ပန်းပွင့်ဖတ်လေးတွေထည့်ပြီးချိုးတာ ဒါမှမဟုတ် လာဗန်ဒါရနံ့ဆီ၊ ချမိုမိုင်းရနံ့ဆီ အစရှိတဲ့ ရနံ့ဆီတွေထည့်ပြီး ချိုးတာတွေလည်း ပြုလုပ်လာကြပါတယ်။ အဲဒီလို ရနံ့ကုထုံးနဲ့ ရေချိုးတဲ့အတွက်ရရှိတဲ့ အကျိုးကျေးဇူးတွေကတော့ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါတယ်။ ခွန်အားဖြစ်စေပါတယ်။ နေလို့ထိုင်လို့ ပေါ့ပါးလန်းဆန်းသွားတတ်ပါတယ်။

နေ့စဉ် ရေချိုးသင့်သော အကြိမ်ရေ

တစ်နေ့မှာ အကြိမ်ရေ ဘယ်လောက်များများ ရေချိုးသင့်သလဲဆိုတာ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်၊ လုပ်ကိုင်တဲ့ အလုပ်အကိုင်၊ ဘဝနေထိုင်စားသောက်မှုပုံစံ၊ ရာသီဥတု၊ အသက်အရွယ် စတဲ့ အချက်တွေပေါ်မူတည်ပါတယ်။ ဆယ်ကျော်သက်အရွယ် တက်ကြွဖျတ်လတ်စွာ သွားလာလှုပ်ရှားနေချိန်မှာ တစ်နေ့ကို နှစ်ကြိမ်လောက် ရေချိုးသင့်ပေမယ့် အသက်ကြီးတဲ့အရွယ် အိမ်ထဲမှာပဲ အနေများသူတွေဆိုရင်တော့ တစ်နေ့တစ်ကြိမ်လောက် ရေချိုးရုံနဲ့လုံလောက်တယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

ဆားခါးထည့်ပြီး ရေချိုးခြင်း

မဂ္ဂနီဆီယမ် ပါဝင်မှုများတဲ့ ဆားခါးကိုထည့်ပြီး ရေစိမ်ချိုးတာကြောင့် ခန္ဓာကိုယ်ရဲ့ မဂ္ဂနီဆီယမ်စုပ်ယူမှုကို အားကောင်းစေပြီး ကြွက်သားထိန်းချုပ်မှု၊ စွမ်းအင်ထုတ်လုပ်မှုနဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်မှု အစရှိတဲ့ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ အများစုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top