Healthy Life Ad
Health Tips

ညဘက် ရေချိုးခြင်း

ဘယ်လောက်ရေအပူချိန်က အိပ်ရေးဝ၀ အိပ်မောကျစေသလဲ . . .

ရေချိုးတာက နေ့တိုင်းလုပ်နေကျအလုပ်ပါ။ တစ်နေ့တာ ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ရောက်ချိန်မှာ ရေချိုးပေးတာက စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစေပါတယ်။

ရေအေး

ကိုယ်ခံအားစနစ်ကို လှုံ့ ဆော်ပေးပါတယ်။

နိုးကြားတက်ကြွစေပါတယ်။

အအေးမိတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

စိတ်ကျရောဂါဟန့်တားတဲ့ ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။

ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

စိတ်လွတ်လပ်ပေါ့ပါးစေပါတယ်။

အရေပြားတင်းရင်းစေပါတယ်။

ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။

ရေနွေး

ကြွက်သားတွေကို အပန်းပြေစေပါတယ်။

ခန္ဓာကိုယ်တောင့်တင်းမှု ပြေလျော့စေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ သက်သာစေပါတယ်။

ရောင်ရမ်းမှု လျော့ပါးစေပါတယ်။

ပူပင်သောက သက်သာစေပါတယ်။

နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။

အရေပြားအဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

ချွေးပေါက်ပွင့်စေပြီး အသားအရေကြည်လင်စေပါတယ်။

ဘယ်လိုရေအပူချိန်နဲ့ ချိုးရတာကို သဘောကျပါသလဲ

အနောက်နိုင်ငံကတော့ မနက်ခင်းမှာ ရေချိုးရတာကို ပိုသဘောကျပြီး တရုတ်နိုင်ငံကတော့ ညဘက်မှာ ရေနွေးနဲ့ ရေချိုးလေ့ရှိကြပါတယ်။ ညဘက် ရေချိုးပြီးချိန်မှာ နွားနို့ပူပူတစ်ခွက် ဒါမှမဟုတ် ရေနွေးကြမ်းတစ်ခွက်သောက်ပေးပြီး သင့်ခန္ဓာကိုယ်ကို အနားယူအပန်းဖြေသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top