Healthy Life Ad
International

အမွှေးကျပ်ခဲဖုံးအုပ်နေခြင်းကြောင့် မလှုပ်ရှားနိုင်သည့် ကြောင်ကို ကယ်ဆယ်

၊ မိုးမင်းထွန်း ၊

အသက် ၉ နှစ်အရွယ် ပါရှန်းကြောင်အမျိုးအစားဖြစ်တဲ့ ဆင်ဘက်ဟာ အလေးချိန် ၅ပေါင်ရှိတဲ့ အမွှေးတွေဖုံးအုပ်နေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ကော်ဇာတွေဆွဲလာတဲ့ ကြောင်ကလေးလို့ ထင်ရပါတယ်။

ပိုင်ရှင်အဖိုးအိုဟာ နေမကောင်းတာကြောင့်ကြောင်ကလေးစင်ဘက်ကို မစောင့်ရှောက်နိုင်ခဲ့တာ အတော်ကြာနေခဲ့ပါပြီ။ ဆင်ဘက်ဟာ အားနည်းနေပြီး အစားစားချင်စိတ်မပြသတဲ့အပြင် ကောင်းကောင်း လည်းမလှုပ်ရှားနိုင်တော့ပါဘူး။ ကိုယ်အလေးချိန် ၇ပေါင်အောက်သာရှိတဲ့ ကြောင်ကလေးဟာ သူ့ခန္ဓာ ကိုယ်အလေးချိန်တစ်ဝက်ကျော်လေးတဲ့ အမွှေးမျှင်တွေကို သယ်ဆောင်နေရပါတယ်။ နောက်ပိုင်းမှာ ပိုင်ရှင်က တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာသို့ ပေးအပ်ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက စင်ဘက်ရဲ့ကိုယ်ခန္ဓာအမွှေးတွေကို ရိတ်ပေးခဲ့ကြပါတယ်။ စင်ဘက်ကို အစာနည်းနည်းချင်းကျွေးပြီး အစာချေစနစ်ပြန် ကောင်းမွန်အောင် ပြုစုပေးခဲ့ပါတယ်။ တစ်ပတ် အတွင်းမှာပဲ စင်ဘက်ရဲ့အခြေအနေ ကောင်းလာခဲ့ပြီး အခုအခါ စိုးရိမ်စရာမရှိတဲ့အခြေအနေ ဖြစ်လာခဲ့ပါတယ်။ လူတွေကို ခင်မင်တတ်တဲ့စင်ဘက်ကလေးရဲ့ ခန္ဓာကိုယ်အလေးချိန်ပုံမှန်ပြန်ဖြစ်အောင်နဲ့ လှပတဲ့ အမွှေးအမျှင်တွေပုံမှန်ပြန်ပေါက်အောင် ဂရုစိုက်ပေး နေကြောင်းလည်း သိရပါတယ်။

(Ref; LM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top