Healthy Life Ad
International

သွေးဆုံးပြီးအမျိုးသမီးတို့အရိုးသန်စွမ်းစေရန် တိုဟူးစားသင့်

၊ ကိုထက် ၊

သွေးဆုံးပြီးအမျိုးသမီးတွေက တိုဟူးစားသင့်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ပဲပင်ပေါက်၊ တိုဟူး၊ မီဆိုစွပ်ပြုတ်၊ ပဲသီး စတဲ့ ပဲပိစပ်ထုတ်ကုန်အစားအသောက်တွေက သွေးဆုံးပြီးအမျိုးသမီးတို့ အရိုးသန်စွမ်းစေပါတယ်။

အရင်လေ့လာမှုအရ အမျိုးသမီးတွေ သွေးဆုံးပြီးနောက်နှစ်ပေါင်းများစွာအကြာမှာ အရိုးသိပ်သည်းဆ ၂၀ရာခိုင်နှုန်းကျော် ဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။ သွေးဆုံးတာကြောင့် အီစထရိုဂျင်အဆင့် လျော့ကျပြီး အရိုးဆဲလ်တွေရဲ့ အာဟာရ စုပ်ယူနိုင်စွမ်း လျော့ကျတာကြောင့် အရိုးပါးရောဂါဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်း များစေနိုင်ပါတယ်။

“သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေက ပဲပိစပ် ထုတ်ကုန်အစားအသောက်တွေ စားတဲ့နည်းနဲ့ အရိုးသန်စွမ်းစေနိုင်ပါတယ်။ တိုဟူး၊ ပဲပိစပ် စတာတွေနဲ့ အတူ ဟင်းသီးဟင်းရွက်တွေကို စားတဲ့ အမျိုးသမီးတွေက အရိုးသန်စွမ်းပါတယ်”လို့ မစ်ဆိုရီတက္ကသိုလ်မှပါမောက္ခပါမဲလားဟင်တန်က ဆိုပါတယ်။

လေ့လာသူတွေက ကြွက်တွေကို ၂၈ပတ်နဲ့ ၃၀ ပတ်ကြားမှာ ပဲပိစပ်ပါတဲ့ အစားအသောက်နဲ့ ပြောင်းအခြေခံ အစားအသောက်တွေကို ကျွေးတဲ့အခါ ပဲပိစပ်ထုတ်ကုန်အစားအသောက်တွေ စားတဲ့ကြွက်တွေက အရိုးသန်စွမ်းမှုရှိတာကို တွေ့ရပါတယ်။

“ပဲပိစပ်ထုတ်ကုန် အစားအသောက်တွေက သွေးဆုံးပြီး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ ပဲပိစပ်မှာ အိုက်ဆိုဖလေဗုန်းလို့ခေါ်တဲ့ ကင်ဆာတားဓာတ်ပေါင်း ပါဝင်မှုများပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ပဲပိစပ်ထုတ်ကုန်အစားအသောက်တွေကို တတ်နိုင်သမျှ စားသောက်ပေးသင့်တယ်” လို့ ပါမောက္ခပါမဲလားဟင်တန်က ထပ်မံဖြည့်စွက်ပြောကြားထားပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top