Healthy Life Ad
Health Tips

သစ်သီးစိမ်ရေသောက်သုံးခြင်း ကောင်းကျိုးများ

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ရေထဲကို သင်ကြိုက်နှစ်သက်တဲ့ သစ်သီးလတ်လတ်ဆတ်ဆတ်စိမ်ပြီး အနည်းဆုံး မိနစ် ၃၀ အကြာမှာ သောက်သုံးပေးရင် အောက်ပါကျန်းမာရေး ကောင်းကျိုးတွေကိုရရှိစေမှာဖြစ်ပါတယ်။

(၁) လက်ဖက်စိမ်း၊ ပူစီနံ၊ သံပရာသီး၊ ရှောက်သီး စတာတွေ စိမ်ထားတဲ့ ရေကို သောက်သုံးတာကြောင့် အဆီတွေကိုချေဖျက်နိုင်ပါတယ်၊ အစာကြေစေပါတယ်၊ ခေါင်းကိုက်ဝေဒနာ သက်သာစေပါတယ်၊ အသက်ရှူကျပ်တာကိုသက်သာစေပါတယ်၊ လေကောင်းလေသန့် ရရှိစေပါတယ်။

(၂) စတော်ဘယ်ရီနဲ့ ကီဝီသီးစတာတွေ စိမ်ထားတဲ့ရေကိုသောက်သုံးတာကြောင့် နှလုံးသွေးကြောကျန်း မာရေးကို ကောင်းမွန်စေပါတယ်၊ ကိုယ်ခံအားစနစ်ကို ကာကွယ်ပေးပါတယ်၊ သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်၊ အစာကြေညက်စေပါတယ်။

(၃) သခွားသီး၊ သံပရာသီး၊ ရှောက်သီး စတာတွေ စိမ်ထားတဲ့ရေကို သောက်သုံးတာကြောင့် လေပွတာကို သက်သာစေပါတယ်၊ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်၊ ရေဓာတ်ပြည့်ဝစေပါတယ်၊ အစာကြေညက်စေပါတယ်။

(၄) ရှောက်သီး၊ လီမွန်သီးနဲ့ လိမ္မော်သီးစတာတွေ စိမ်ထားတဲ့ ရေကိုသောက်သုံးတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်၊ ရင်ပူဝေဒနာ သက်သာစေပါတယ်၊ ဗီတာမင်စီများများ ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top