Healthy Life Ad
Health Tips

နေ့စဉ် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ငါးကြိမ်စားခြင်းဖြင့် ဦးနှောက်ကျန်းမာပြီး စိတ်ကျရောဂါကာကွယ်နိုင်

———၊ ကိုထက် ၊———

လေ့လာမှုအသစ်အရ လူတစ်ယောက်၏ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းသည် သူတို့စားသော အပင်ထွက်အစားအစာများနှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။

တစ်နေ့လျှင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ငါးကြိမ်နှင့်အထက် စားခြင်းဖြင့် လူသုံးပုံတစ်ပုံကျော် (၃၃ ရာခိုင်နှုန်း)သည် စိတ်ကျန်းမာရေးကောင်းမွန်နေကြောင်း၊ အကောင်းမြင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ရှိခြင်းနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေခြင်းတို့သည် စိတ်ကျန်းမာရေး ကောင်းမွန်သော လက္ခဏာများဖြစ်ကြောင်း လေ့လာသူတို့က ဆိုသည်။

ယခုလေ့လာမှုကို အင်္ဂလန်ကျန်းမာရေး စစ်တမ်းအချက်အလက်များကိုသုံးပြီး ဝါဝစ်ဆေးကျောင်း တက္ကသိုလ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခင်လေ့လာမှုအရ လတ်ဆတ်သော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် များများစားခြင်းသည် လူတို့ကို နာတာရှည်ရောဂါ တစ်ခုထက်ပိုပြီး မဖြစ်စေရန် ကာကွယ်ပေးနိုင်ကြောင်း သိရှိပြီးဖြစ်သည်။ နာတာရှည်ရောဂါများတွင် သွေးတိုးရောဂါ၊ သွေးတွင်းကိုလက်စထရော အလွန်များခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ အဆစ်ရောင်ခြင်း၊ အသည်းရောင်ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါတို့ ပါဝင်သည်။

(Ref;DM)

Most Popular

Healthy Life Ad
To Top