Healthy Life Ad
Health Tips

ချဉ်စော်ကားသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ချဉ်စော်ကားသီးက ပန်းသီး၊ သစ်တော်သီးတို့နဲ့ မျိုးနွယ်တူပါတယ်။ ချဉ်စော်ကားသီးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးဖြစ်တာကြောင့် ရှေးခတ်ကတည်းက ဆေးဖက်ဝင်အသီးအဖြစ်လည်းကောင်း၊ တိုင်းရင်းဆေးဝါးတွေမှာထည့်ပြီးလည်းကောင်း အသုံးပြုခဲ့ကြပါတယ်။ ချဉ်စော်ကားသီးမှာ ပရိုတင်းဓာတ်၊ သကြားဓာတ်၊ သြဂဲနစ်အက်စစ်၊ ဗီတာမင်အေ၊ ဗီတာမင် B2 ၊ ဗီတာမင်စီ၊ သံဓာတ်၊ ကြေးနီနဲ့ ပိုတက်စီယမ်တို့ အများအပြားပါဝင်သလို ချဉ်စော်ကားသီးအစေ့မှာ အဆီနဲ့ ပရိုတင်းဓာတ် ပါဝင်ပါတယ်။

သွေးတိုးကို ကျစေခြင်း

ချဉ်စော်ကားသီးမှာ ပိုတက်စီယမ်ပမာဏ ကောင်းကောင်းပါဝင်တဲ့အတွက် သွေးတိုးကို ကျစေပါတယ်။

အိုမင်းမှုဖြစ်စဉ်များကို နှေးကွေးစေခြင်း

ချဉ်စော်ကားသီးမှာ အင်တီအောက်ဆီးဒင့်အများအပြား ပါဝင်ပြီး ပိုလီဖီနောလစ်ဒြပ်ပေါင်းလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အတွက် ဖရီးရယ်ဒီကယ်ကို တွန်းလှန်နိုင်ပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေကာ နှလုံးသွေးကြောရောဂါတွေနဲ့ လေဖြတ်တာတို့ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အအေးမိခြင်းနှင့် တုပ်ကွေးတို့ မဖြစ်စေရန် ကာကွယ်ခြင်း

လေ့လာမှုအသစ်တွေအရ ချဉ်စော်ကားသီးမှာ အစွမ်းထက် ဗိုင်းရပ်စ်တားအာနိသင်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် တုပ်ကွေး၊ အအေးမိခြင်းနဲ့ တခြားဗိုင်းရပ်စ်ပိုးကူးစက်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဝေဒနာသက်သာစေခြင်း

ချဉ်စော်ကားသီးဟာ သွေးအားနည်းရောဂါ၊ အသည်းရောဂါ၊ မျက်စိရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူတွေကို ဝေဒနာသက်သာစေပါတယ်။

သွေးတွင်းမကောင်းသည့် ကိုလက်စထရောကျစေခြင်း

ချဉ်စော်ကားသီးဟာ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။

ကိုယ်အလေးချိန် လျော့ကျစေခြင်း

ချဉ်စော်ကားသီးမှာ အမျှင်ဓာတ်အများအပြား ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

ပျို့အန်မှုကို သက်သာစေခြင်း

ချဉ်စော်ကားသီးဟာ ပျို့ချင်အန်ချင်ဖြစ်တဲ့ ဝေဒနာနဲ့ အန်တာကို သက်သာစေပါတယ်။ ကိုယ်တွင်းမှာ စုပုံနေတဲ့ အပိုအရည်တွေကို ကင်းစင်စေတဲ့ ဆီးရွှင်တဲ့ အာနိသင်လည်း ရှိပါတယ်။

အစာခြေလမ်းကြောင်းကို ကျန်းမာစေခြင်း

ချဉ်စော်ကားသီးဟာ အူရောင်တာ၊ ပိုးဝင်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာနဲ့ တခြားအစာခြေလမ်းကြောင်း ဝေဒနာတွေကို ကင်းစင်စေပါတယ်။ အကြောင်းကတော့ ပိုးသတ်အစွမ်းရှိလို့ပါ။

ကင်ဆာဆဲလ်ကို သေစေခြင်း

လေ့လာမှုတချို့အရ ချဉ်စော်ကားသီးဟာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို သေစေတယ်လို့ သိရပါတယ်။ ချဉ်စော်ကားသီးဖျော်ရည်က စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အစွမ်း ရှိပါတယ်။

သတိပြုရန်

ချဉ်စော်ကားသီးကို အစိမ်းအတိုင်း မစားသင့်ပါ။ ချဉ်စော်ကားသီးအခြောက်ကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဟင်းရည်အဖြစ် စားလေ့ရှိကြပါတယ်။

Most Popular

Healthy Life Ad
To Top