Healthy Life Ad
Health Tips

ခံတွင်းအနံ့နံခြင်းသက်သာစေရန်ဒိန်ချဉ်သောက်ပါ

၊ ကိုထက် ၊

ခံတွင်းအနံ့နံတာက ရေသောက်နည်းတာကြောင့်၊ တံတွေးအထွက်နည်းတာကြောင့် ဖြစ်တတ်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခံတွင်းအနံ့နံတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းတတ်ပြီး စကားပြောရမှာကိုတောင် စိုးရွံ့နေရတတ်ပါတယ်။ အခုတော့ စိုးရိမ်နေဖို့မလိုတော့ပါဘူး။ ဒိန်ချဉ်သောက်ပေးတာက ခံတွင်းအနံ့နံတာကို သက်သာစေနိုင်ပါတယ်။

ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေပါဝင်တာကြောင့် လည်ချောင်းအနောက်ဘက်နဲ့ အစာ ရေမျိုပြွန်အပါအဝင် ခံတွင်းနဲ့ အစာအိမ်နေရာအနှံ့မှာရှိတဲ့ အက်ဆစ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဒါကြောင့် ခံတွင်းအနံ့နံတာကို သက်သာစေတာပါ။ ဒိန်ချဉ်ဟာ အက်စစ်အထက်ကိုဆန်တက်တဲ့ အစာအိမ်အူလမ်းကြောင်းအခြေအနေကြောင့်ဖြစ်တဲ့ ခံတွင်းအနံ့နံတာကို ပျောက်ကင်းစေနိုင်ပေမယ့် အသည်းနဲ့ အဆုတ်ရောဂါတွေရဲ့လက္ခဏာတစ်ရပ်အနေနဲ့ ဖြစ်တတ်တဲ့ ခံတွင်းအနံ့နံတာကိုတော့ မသက်သာစေနိုင်ပါဘူး။ ဒိန်ချဉ်သောက်ပေမယ့် ခံတွင်းအနံ့နံတာ မသက်သာဘူးဆိုရင်တော့ အသည်းနဲ့ အဆုတ်မှာ ရောဂါရှိနေသလား ဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top