Healthy Life Ad
Health Tips

ဒိန်ချဉ်တွင်ပါသည့် အကျိုးပြုဘက်တီးရီးယားက အမျိုးသမီးများ၏ ဦးနှောက်လုပ်ငန်းကို ကောင်းမွန်စေနိုင်

အကျိုးပြုဘက်တီးရီးယားပါရှိတဲ့ အစားအသောက်တွေကို စားတာကြောင့် လူတွေရဲ ့ဦးနှောက်လုပ်ငန်းဆောင်တာကို သက်ရောက်မှုရှိစေကြောင်း CNS နဲ့ UCLA လေ့လာမှုနှစ်ရပ်အရ သိရပါတယ်။

ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသမီးတွေကို လေ့လာတဲ့ အစောပိုင်းလေ့လာမှုအရ ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ပြောင်းလဲစေကြောင်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အကြောင်းကတော့ အူထဲက ဘက်တီးရီးယားပတ်ဝန်းကျင် အပြောင်းအလဲဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေတာကြောင့် ဖြစ်တယ်လို့ သုတေသနအသင်းက ရှင်းပြပါတယ်။ လူအများစုဟာ ရေခဲသေတ္တာထဲ ဒိန်ချဉ်ထည့်ပြီး ကယ်လ်စီယမ်ရရှိဖို့နဲ့ ပျော်ရွှင်ဖို့အတွက် စားလေ့ရှိပါတယ်။

“ဒိန်ချဉ်ကို အူလမ်းကြောင်းဝေဒနာတွေ ခံစားရတဲ့ လူနာတွေကို ပေးလိုက်တဲ့အခါ သူတို့က အူလမ်းကြောင်းဝေဒနာတွေ ကင်းစင်တဲ့အပြင် စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာတို့ မခံစားရတော့ဘူး”လို့ ဒေါက်တာကာစတန်က ဆိုပါတယ်။

လေ့လာမှုအရ အသက် ၁၈ နှစ်နဲ့ ၅၅ နှစ်ကြား အမျိုးသမီး ၃၆ ဦးကို လေ့လာကြည့်ခဲ့ရာ ပထမအုပ်စုကို အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်ကို တစ်နေ့နှစ်ကြိမ်နဲ့ လေးပတ်ကြာ စားခိုင်းခဲ့ကြောင်း၊ ဒုတိယအုပ်စုမှာ ဒိန်ချဉ်လို အရသာရှိတဲ့ နို့နဲ့နို့ထွက်ပစ္စည်း (အကျိုးပြုဘက်တီးရီးယားမပါ)ကို စားခိုင်းခဲ့ကြောင်းနဲ့ နောက်ဆုံးအုပ်စုကို ဘာမှမစားခိုင်းခဲ့ကြောင်း သိရပါတယ်။

လေးပတ်အကြာမှာ ပါဝင်သူအမျိုးသမီးတွေရဲ ့ ဦးနှောက်ကို MRI ရိုက်ပြီး စစ်ဆေးခဲ့ရာ အကျိုးပြုဘက်တီးရီးယားစားတဲ့ အုပ်စုဝင်တွေက စိတ်ခံစားမှု၊ တွေးခေါ်မှုနဲ့ အာရုံခံစားမှုဆိုင်ရာ အစိတ်အပိုင်းတွေရဲ ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်မှုရှိကြောင်း၊ တခြားအုပ်စုနှစ်ခုမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

Most Popular

Healthy Life Ad
To Top