၊ လရိပ်မေ ၊ အူမကြီးဆိုတာ ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေစွန့်ထုတ်ဖို့ ကူညီတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အူမကြီးဟာ ရေနဲ့ ဆားတွေကိုစုပ်ယူပြီး ဓာတ်ဆားဟန်ချက်ညီမျှအောင် ထိန်းချုပ်ပါတယ်။ နေ့စဉ် အဆင်သင့်စာ၊ ဆီကြော်စာ၊ ပြုပြင်ထားတဲ့ အစာစတာတွေကို အစားများရင် အူမကြီးထဲမှာ အဆိပ်တွေ ပြည့်နေနိုင်ပါတယ်။...
မေး ။ သမီးကအသက်၂၆နှစ်၊ အမျိုးသားလည်း ၂၆နှစ် ပါ။ သမီးက အပျိုကတည်းက ရာသီက ၂လ-၃လ၊ တစ်ခါတစ်ခါဆို ၄လတစ်ခါလောက်မှ လာတာပါ။ သမီးအမေလည်း အရင်က အဲလိုပဲ ရာသီမမှန်ဘူးတဲ့ ဆရာ။ မျိုးရိုးများ လိုက်တာလားလို့။ သမီး အခုအိမ်ထောင်ကျတာ၂နှစ်ရှိပြီဆရာ။...
ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး. အရိုးပျော့ရောဂါအကြောင်း သိပါရစေဆရာ။ ဖြေ. အရိုးပျော့ရောဂါကို ဆေးပညာအရ Osteomalacia လို့ခေါ်ပါတယ်။ ဒါကို မြန်မာလို ဘာသာပြန်မယ်ဆိုရင်တော့ Osteo ဆိုတာကအရိုးပေါ့၊ Malacia ဆိုတာက ပျော့တာကိုပြောတာပါ။ အင်္ဂလိပ်တချို့ကတော့ Softening...
ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) ယခင်တစ်ပတ်မှအဆက် အူထဲကို ပရိုဘိုင်အိုးတစ်တွေ ဘယ်လိုရောက်ရှိလာသလဲ လူတစ်ဦးစီမှာရှိတဲ့ probiotic ပိုးအမျိုးအစား၊ အရေအတွက်တွေ မတူကြပါဘူး။ ဆိုလိုတာက လူနှစ်ဦးမှာ ချွတ်စွတ်တူတဲ့ ပရိုဘိုင်အိုးတစ်အမျိုးအစား၊အရေအတွက်ရယ်လို့ မရှိနိုင်ပါဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ လူတစ်ဦးအတွက် ဘယ်လိုပရိုဘိုင်အိုးတစ်တွေ ဘယ်လောက်ရှိမလဲဆိုတာကို...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း မေး ။ အဆုတ်ရောင်ရောဂါအကြောင်း သိပါရစေဆရာ။ ဖြေ ။ နမိုးနီးယားအဆုတ်ရောင်ရောဂါဆိုတာ အဓိကအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခါတလေကျရင် ရာသီတုပ်ကွေးရောဂါနဲ့လည်း ဆက်စပ်မှုရှိတတ်ပါတယ်။ အလွန်ငယ်တဲ့ ကလေးတွေနဲ့ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေမှာဆိုရင် တုပ်ကွေးရောဂါဝင်တဲ့အခါ နောက်ဆက်တွဲအနေနဲ့...
လရိပ်မေ အရေပြားကို ကြေးချွတ်တာက အရေပြားရဲ့ အပြင်ဘက်ဆုံးအလွှာက ဆဲလ်သေတွေကို ကွာကျစေပြီး အသားအရေကိုတောက်ပစေပါတယ်။ အရေပြားဆဲလ်ဟောင်းတွေက ကီရာတင် (Keratin) တွေနဲ့ ပြည့်နေပါတယ်။ တဖြည်းဖြည်းနဲ့ ဆဲလ်သေအလွှာက စုပုံနေပြီး အရေပြားမှာ ကြမ်းတမ်းတဲ့ အလွှာတစ်လွှာဖြစ်လာကာ အရေပြားညစ်နွမ်းတယ်လို့ ထင်ရစေပါတယ်။ ဒါပေမဲ့...
နေ့စဉ် စားသောက်နေကျ အစားအသောက်ထဲမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်စားတာက ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ကျန်းမာရေးပြဿနာ အများစုဖြစ်နိုင်ခြေကိုလည်းလျှော့ချနိုင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကိုဝယ်ယူပြီး အိမ်မှာ သိမ်းဆည်းထားဖို့လိုပါတယ်။ အဲဒီလို သိမ်းထားတဲ့အခါ ဘယ်လိုသိမ်းထားရမယ်ဆိုတာ မသိတာကြောင့် ဟင်းသီးဟင်းရွက်တွေရဲ့ လတ်ဆတ်မှုနဲ့ အနံ့အရသာဟာ ပျက်ပြယ်သွားပြီး ပုပ်သိုးသွားတာမျိုးတောင်...
၊ ငွေစင်ကြယ်ယံ ၊ အဆစ်ရောင်ရမ်းနာခံစားနေရသူတို့အနေနဲ့ သက်သာမှုရှိစေဖို့ အောက်ပါတို့ကို လုပ်ဆောင်သင့်ပါတယ်။ ရေကူးပါ ရေကူးတာက အဆစ်ရောင်နာရှိသူတွေအတွက် ကောင်းမွန်တဲ့ အားကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ရေဟာ အလေးချိန်မရှိတာကြောင့် အဆစ်တွေအပေါ် ဖိအားသက်ရောက်မှုကို လျော့ကျစေပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ လေ့လာမှုတစ်ရပ်အရ အဆစ်ရောင်နာရှိသူတွေက ရေထဲမှာ လှုပ်ရှားမှုလုပ်တာကြောင့်...
၊ ကိုထက် ၊ နယူးယောက်မှာနေထိုင်တဲ့ အသက် ၂၇နှစ် အရွယ် ရှာလေရဲ့ အရေပြားတွေဟာ တစ်ဖြည်းဖြည်းမာကျောလာပြီး ကြွေထည်ကဲ့သို့ ဖြစ်လာနေပါတယ်။ ရှာလေဟာ အသက် ၉နှစ်သမီးအရွယ်ကတည်းက ရှားပါးတဲ့ကိုယ်ခံအားလွန်ကဲရောဂါအမျိုးအစားတစ်ခုဖြစ်ပွားနေကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဒီရောဂါမျိုးဟာ လူ ၅၀ဝ၀ မှာ တစ်ယောက်ဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်းသိရပါတယ်။...
ဒေါက်တာတင့်ဆွေ ဆရာ Acute Heart Attack ကို ပြုစုကုသနည်းလေးသိပါရစေ။ (၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်)နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။ (၂) Ventricular fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့တုန်ခါမှုအတွက် ကုသမှုပေးဖို့ ပြင်ဆင်ပါ။ (၃)...