Healthy Life Ad
Q & A

ရာသီမမှန်ရင် ကလေးရနိုင်သလား . . .

မေး ။ သမီးကအသက်၂၆နှစ်၊ အမျိုးသားလည်း ၂၆နှစ် ပါ။ သမီးက အပျိုကတည်းက ရာသီက ၂လ-၃လ၊ တစ်ခါတစ်ခါဆို ၄လတစ်ခါလောက်မှ လာတာပါ။ သမီးအမေလည်း အရင်က အဲလိုပဲ ရာသီမမှန်ဘူးတဲ့ ဆရာ။ မျိုးရိုးများ လိုက်တာလားလို့။ သမီး အခုအိမ်ထောင်ကျတာ၂နှစ်ရှိပြီဆရာ။ ကလေးလိုချင်လို့ပါ။ အခုထိလည်း ရာသိီမမှန်သေးပါဘူး။ folic acid, vitamin E, omega 3 တစ်နေ့တစ်လုံး သောက်ပါတယ်။ သမီး ကလေးကော ရနိုင်ပါ့မလား ဆရာ။

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ သမီးက ဝကစ်ကစ်လေးလား။ မိန်းကလေး တစ်ယောက်ရာသီမမှန်ဘူး၊ လူက ဖိုးဝရုပ်လေးလို လုံးလုံးလေးဆိုရင်တော့ “PCOS” လို့ခေါ်တဲ့ ဟော်မုန်း မမှန်တဲ့ ပြဿနာရှိနေပြီ။ ဟော်မုန်းမမှန်၊ ရာသီမမှန် ဥမကြွေရင် ကလေးရဖို့ခက်။ အရေးကြီးဆုံးက ဝနေရင် ပိန်အောင်လုပ်ဖို့၊ Lifestyleကိုပြင်ဖို့၊ ကိုယ့်ဘာသာ ဆေးကုရမှာ။ ဒီအတိုင်း ဝ၀ဆိုရင် ကလေးမရရုံမက ကြီးလာရင် ဒီထက် ပိုဝ၊ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းပိတ်၊ လေဖြတ်ရောဂါတွေ ပိုဖြစ်တတ်တယ်။ အိမ်ထောင်ကျတာ ၂နှစ်ရှိပြီ၊ ကလေးမရသေးဘူးဆိုတော့ အိုဂျီနဲ့မြန်မြန်ပြဆေးကုဖို့ လိုပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top