Healthy Life Ad
Health Tips

ပင်ပန်းနွမ်းနယ်နေချိန်မှာ ရေချိုးလိုက်ပါ . . .

၊ လရိပ်မေ ၊

ပင်ပန်းနွမ်းနယ်နေချိန်မှာ ရေစိမ်ကန်ထဲ စိမ်ချိုးတာက ပင်ပန်းမှုပြေလျော့ပြီး စိတ်ကို လန်းဆန်းသွားစေပါတယ်။ ချိုးရေထဲ ရေချိုးပေါင်ဒါမှုန့် ဒါမှမဟုတ် ရေချိုးဆီထည့်ပေးတာက စိတ်နဲ့ခန္ဓာကို အနားရစေပါတယ်။ ဆေးပညာကု ထုံးဂျာနယ်ရဲ့ လေ့လာမှုအရ စိတ်ပူပင်သောက များနေသူတွေအတွက် နေ့စဉ် ကြက်သီးနွေးရေထဲစိမ်ပြီးချိုးတာ ရှစ်ပတ်ကြာတဲ့အခါရရှိတဲ့ အာနိသင်ဟာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးသောက်တာထက် ပိုမိုအာနိသင်ရရှိနိုင်တယ်လို့ သိရပါတယ်။ ရေချိုးသင့်တဲ့ တခြားအကြောင်းရင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

– အရေပြားခြောက်သွေ့ညစ်နွမ်းမှု ကိုကင်းဝေးပါတယ်
ရေထဲကို ဂျုံမှုန့်အနည်းငယ်ထည့်ပြီး ရေချိုးပေးတဲ့အခါ ယားယံရောင်ရမ်းနေတဲ့ အရေပြားကို အနာကျက်စေပြီး အရေပြားခြောက်သွေ့ညစ်နွမ်းမှုကို ကင်းဝေးစေပါတယ်။ ဂျုံမှုန့်ထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းဟာ အနာကျက်စေတဲ့ အာနိသင်ရှိလို့ပါ။ ဂျုံမှုန့်ကို သန့်ရှင်းခြောက်သွေ့တဲ့ ခြေအိတ်ထဲကိုထည့်ပြီး သားရေကွင်းနဲ့ ချည်ပြီး ပိတ်လိုက်ပါ။ အဲဒီအိတ်ကို ရေနွေး ဒါမှမဟုတ် ရေအေးထည့်ထားတဲ့ ရေချိုးကန်ထဲ ထည့်လိုက်ပြီး အချိန် ၁၅- ၂၀မိနစ်ခန့် စိမ်ပြီး ချိုးပေးရမှာ ဖြစ်ပါတယ်။

– ဦးနှောက်ကို အားဖြည့်ပေးနိုင်ပါတယ်
ရေချိုးကန်ထဲကို မရှိမဖြစ်ဆီ (Essential Oil) ထည့်ပြီး ရေထဲစိမ်ချိုးပေးပါ။ မွှေးရနံ့ဆီတွေက မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေသလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့သွားစေပါတယ်။

– အအေးမိဝေဒနာကို တွန်းလှန်နိုင်ပါတယ်
ကြက်သီးနွေးရေချိုးပေးတာက နှာခေါင်းပိတ်တာကို သက်သာစေပြီး ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုကို လျော့ပါးစေပါတယ်။ ရေချိုးရင်း အပန်းဖြေတာက ဦးနှောက်ထဲက နာကျင်ကိုက်ခဲမှု လျော့ကျစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းကိုအထွက် တိုးစေလို့ပါ။

– ညဘက် ကောင်းကောင်းအိပ် မောကျစေပါတယ်
ညဘက်မှာ ရေချိုးလိုက်တဲ့အခါ ခန္ဓာကိုယ် အပူချိန်လျော့ကျသွားပြီး ခန္ဓာကိုယ်ကနေမယ် လတိုနင်လို့ခေါ်တဲ့ ဟော်မုန်းအထွက်တိုးစေပါတယ်။ အိပ်ရာမဝင်ခင် ကြက်သီးနွေးရေချိုးပေးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတာကြောင့် ကောင်းကောင်းအိပ်မောကျစေပါတယ်။

– ပင်ပန်းမှုကင်းပြီး လန်းဆန်းသွားစေပါတယ်
တစ်နေကုန် ပင်ပန်းနွမ်းနယ်နေချိန်မှာ ရေချိုးလိုက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းပြီး အပန်းပြေလန်းဆန်းစေတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top