Healthy Life Ad
Q & A

ကိုယ်ဝန်လေးလမှာ မောနေလို့ပါ . . .

Q. ညီမက ကိုယ်ဝန်၄လရှိပါပြီ။ အခုတလော နည်းနည်းလေးလှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် အရမ်းမောနေတယ်။ ရင်ကအရမ်းခုန်ပြီး အရင်က အဲဒီလို မဖြစ်ဖူးပါဘူး။ အဲ့ဒါဘာဖြစ်လို့လဲ၊ ဘာရောဂါလဲ သိချင်လို့ပါရှင်။

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

A. ကိုယ်ဝန်နည်းနည်းရင့်လာချိန်မှာ ကိုယ်ဝန်ဆောင်တွေအနေနဲ့ သွေးခုန်နှုန်းက သာမာန်ထက်မြင့်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ မောတာက ကိုယ်ဝန်ရင့်လာချိန် သန္ဓေသားလွယ်ထားရတာကြောင့် ဖြစ်နိုင်သလို၊ သွေးခုန်နှုန်းမြန်တာကြောင့် မောတာလည်း ခံစားရတတ်ပါတယ်။ အဓိကကတော့ သွေးခုန်နှုန်းမြန်ပြီး မောစေနိုင်တဲ့ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ သွေးအားနည်းခြင်း၊ သွေးပေါင်ကျခြင်း စတဲ့ဝေဒနာတွေ ကိုယ့်ဆီမှာ ရှိ၊ မရှိ ဆန်းစစ်သင့်ပါတယ်။ ဒီလိုကျန်းမာရေးပြဿနာတွေရှိရင်တော့ ရင်တုန်တာနဲ့မောတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပေါ့ပေါ့ဆဆ မနေဘဲနဲ့ မိသားစုဆရာဝန် ဒါမှမဟုတ် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးနဲ့ တိုင်ပင်ပြသသင့်ပါတယ်။ ဒါမှသာ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဝေဒနာလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်း ရောဂါဝေဒနာ တစ်ခုခုကြောင့်များလားဆိုတာကို စစ်ဆေးပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top