Healthy Life Ad
Health Tips

မိုးတွင်းမှာ ရေချိုးတဘက်ကို ဘယ်လိုအသုံးပြုသင့်သလဲ

၊ ငွေကြယ်စင်ယံ ၊

တဘက်ပဝါအများစုက ၁၀ဝရာခိုင်နှုန်း ချည်သားနဲ့လုပ်ထားတာပါ။ ရေချိုးသန့်စင်ပြီးတဲ့ အချိန်မှာ သင့်အရေပြားရှိပိုးမွှားတွေနဲ့ အညစ်အ ကြေးတွေက ကင်းစင်သွားပါတယ်။ ရေချိုးပြီးတဲ့ အခါစိုနေတဲ့ ခန္ဓာကိုယ်ကို ကိုယ်တိုက်ရေချိုးတ ဘက်နဲ့ သုတ်လေ့ရှိကြပါတယ်။ ကိုယ်တိုက်ရေချိုးတဘက်နဲ့ တိုက်တာကြောင့် အရေပြားဆဲလ် သေတွေက စိုစွတ်နေတဲ့ တဘက်ပေါ်မှာ ကပ်ကျန်နေခဲ့တတ်ပါတယ်။ သုတ်ထားတဲ့ တဘတ်တွေကို စိုထိုင်းဆများတဲ့ ရေချိုးခန်းထဲမှာထားပါက၊ အထူးသဖြင့်အခုလို မိုးရာသီမှာဆိုရင် ဖားဥစွဲတာနဲ့ မှိုစွဲတာတွေကို ဖြစ်စေနိုင်ပါတယ်။

တဘက်တွေကြောင့် မှိုကူးစက်တာ မျိုးမဖြစ်စေဖို့ တဘက်သုတ်ပြီး ဒါမှမဟုတ် တဘက်မသုတ်တဲ့အချိန်မှာ ခြောက်သွေ့အောင်ထားရပါမယ်။

တဘက်နဲ့ခန္ဓာကိုယ်ကိုခြောက် သွေ့အောင် သုတ်ပြီးချိန်မှာ တဘက်ကို လေရတဲ့နေရာမှာထားပါ။ ဖြစ်နိုင်ရင် နေပူတဲ့အခါ ထုတ်လှန်းပေးပါ။ လေဝင်လေထွက် မကောင်းဘဲ စိုစွတ်နေတဲ့နေရာမှာထားရင် ဖားဥစွဲကာအနံ့ထွက်နိုင်ပါတယ်။ အဲဒီလိုမျိုးဖြစ်နေတဲ့ တဘက်တွေကို ပြန်မသုံးပါနဲ့။ လျှော်ဖွပ်သန့်စင်ပြီး ခြောက်သွေ့တဲ့အထိ မီးပူတိုက်ပြီးမှ ပြန်သုံးသင့်ပါတယ်။ မဟုတ်ရင် ရေချိုးသန့်စင်ထားတဲ့ သင့်ခန္ဓာ ကိုယ်မှာမှိုစွဲတာနဲ့ အညစ်အကြေးကပ်တာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top