Healthy Life Ad
Health Tips

ရေအေးနဲ့ ရေချိုးတာ ကောင်းသလား၊ ရေနွေးနဲ့ ရေချိုးတာ ကောင်းသလား

လရိပ်မေ

ကျွန်မတို့တစ်တွေဟာ ယေဘုယျအားဖြင့် တစ်နေ့တစ်ကြိမ်တော့ အနည်းဆုံး ရေချိုးကြပါတယ်။ တချို့က ရေနွေးနဲ့ ရေချိုးလေ့ရှိကြပြီး တချို့က ရေအေးနဲ့ ရေချိုးရတာကို သဘောကျ ကြပါတယ်။ ဘယ်လိုရေနဲ့ ရေချိုးတာက ကိုယ်၊ စိတ်ကျန်းမာရေးအတွက် ပိုသင့်တော်သလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ရေအေးနဲ့ ရေချိုးရင် . . .

စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။

ကိုယ်တွင်း စွမ်းအင်ကို ပြန်လည်အားဖြည့်ပေးပါတယ်။

မနက်ခင်းမှာ ရေအေးနဲ့ ရေချိုးလိုက်ရင် လန်းဆန်းစေပါတယ်။

အဆီတွေကို လောင်ကျွမ်းစေပါတယ်။

အသားအရေကို ချောမွေ့စေပါတယ်။

ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းကို အားကောင်းစေပါတယ်။

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်း စေပါတယ်။

အလုပ်ထဲမှာသက်လုံအားကောင်းစေပါတယ်။

ရေနွေးနဲ့ ရေချိုးရင် . . .

အိပ်မပျော်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

မောပန်းနွမ်းနယ်မှုကို လျော့ပါးစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ချွေးပေါက်ပွင့်ပြီး အသားအရေကို ကြည်လင်စေပါတယ်။

နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။

တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပျော့ပျောင်းသွားစေပါတယ်။

ကိုယ်တွင်း ရောင်ရမ်းမှုကို တွန်းလှန်ပေးပါတယ်။

ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top