Healthy Life Ad
Health Tips

အသက်ကြီးသူတို့ လေယာဉ်စီးရာတွင် သိထားသင့်သော အချက်များ

ငွေကြယ်စင်ယံ

လေယာဉ်မထွက်မီ
(၁) အိမ်သာနဲ့ နီးတဲ့ ထိုင်ခုံမှာ ထိုင်လို့ရမလားလို့ တောင်းဆိုပါ။
(၂) ဖြစ်နိုင်ရင် အဖွဲ့လိုက် ခရီးသွားပါ ဒါမှမဟုတ် သန်မာတဲ့ လူငယ်တစ်ဦးနဲ့အတူ ခရီးသွားပါ။
(၃) ခရီးမသွားခင် ကျန်းမာရေး စစ်ဆေးပြီး သင့်တော်တဲ့ ကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားပါ။
(၄) လိုအပ်ရင် ပူပင်သောကများတာနဲ့ လေယာဉ်မူးတာတွေ သက်သာစေဖို့ ဆေးပမာဏ အနည်းငယ် ဆောင်ပါ။
(၅) ဆေးဝါးတွေကို ထုပ်ပိုးပြီး လေယာဉ်ပေါ် ယူမယ့်အိတ်ထဲ ထည့်ထားပါ။
(၆) လေယာဉ်ပေါ်မှာ အေးပါတယ်၊ လိုရမယ်ရ အနွေးထည်ဆောင်ထားပါ။

လေယာဉ်ပေါ်မှာ
(၁) အမြှုပ်ထတဲ့ အချိုရည်နဲ့ လေထစေတဲ့ အစာ (ဥပမာ- ကြက်သွန်နီ၊ ဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်နဲ့ ပဲလှော်)တို့ကို မစားပါနဲ့။
(၂) အရက်နဲ့ ကဖင်းကို ရှောင်ပါ၊ ဒါမှမဟုတ် ကန့်သတ်ပြီး သောက်ပါ။
(၃) လေယာဉ်ပေါ်မှာ လှုပ်ရှားမှုလုပ်ပါ။ လေယာဉ် စီးချိန် ၂-၃ နာရီကြာတိုင်း အိမ်သာကို တစ်ကြိမ်သွားပါ။
(၄) ခြေထောက်ကြွက်သားတွေကို အဆက်မပြတ် ဆွဲဆန့်လိုက်၊ ဖြေလျှော့လိုက်လုပ်ပေးပါ။
(၅) နားအကြားကိရိယာ သုံးရင် လေယာဉ်ဆင်းချိန်နဲ့ တက်ချိန်မှာ နားစည်ထိခိုက်မှုမဖြစ်စေဖို့ အသံကို လျှော့ချထားပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top