Healthy Life Ad
Health Tips

လေယာဉ်ကြာရှည်စီးပြီး ခရီးနှင်ရမည်ဆိုလျှင်

၊ လရိပ်မေ ၊

စံတော်ချိန်ဇုန်မတူတဲ့ အရပ်ဒေသကို လေယာဉ်အကြာကြီးစီးပြီး ခရီးနှင်ရ တဲ့အခါ Jet Lag လို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုဝေဒနာ ခံစားရတတ်ပါတယ်။ အဲဒီဝေဒနာမရဘဲ လိုရာပန်းတိုင်ကို စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရောက်ရှိနိုင်ဖို့ အကြံပြုချက်တချို့ ဖော်ပြလိုက်ပါတယ်။

– ခရီးမသွားမီ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်စက်အနားယူပါ
ခရီးသွားမယ့်သူတိုင်း ခရီးမသွားခင် အိပ်ရေးဝ၀ အိပ်စက်အနားယူထားဖို့ လိုပါတယ်။ တစ်ညတာ ကောင်းကောင်း အိပ်စက်နားနေခြင်းမရှိဘဲ လေယာဉ်နဲ့ ခရီးရှည်သွားရင် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။ ဒါ့အပြင် ခရီးသွားခါနီး နောက်ဆုံးအချိန်ကပ်ပြီးမှ ခရီးဆောင်အိတ် ထုပ်ပိုးပြင်ဆင်တာမျိုး ကိုလည်း ရှောင်သင့်ပါတယ်။

– လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင်ပါ
မကြာခဏ ခရီးသွားတဲ့သူတွေအနေနဲ့ ပုံမှန် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာကြောင့် ကိုယ်တွင်းစိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ပုံပန်းသဏ္ဌာန်ကျနလှပစေပါတယ်။ အဝလွန်ပြီး ကြံ့ခိုင်မှုမရှိသူတွေက လေယာဉ်စီးပြီး ခရီးသွားတဲ့အခါ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။

– လေယာဉ်ပေါ်တွင် ရေဓာတ်ပြည့်ဝအောင်နေပါ
ခံစားရနိုင်ခြေကို ၁၀ ဆပိုဆိုးစေပါတယ်။ ခရီးသွား သူတချို့ကို လက်ဖက်စိမ်းလက်ဖရေက အကောင်းဆုံးမိတ်ဆွေပါ။ လေယာဉ်နဲ့ ခရီးရှည်သွားချိန်မှာ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်သင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကြောင့် လေယာဉ်စီးလို့ ပင်ပန်းနွမ်းနယ်မှုဒဏ် ခံစားရနိုင်ခြေကို ၁၀ ဆပိုဆိုးစေပါတယ်။ ခရီးသွား သူတချို့ကို လက်ဖက်စိမ်းလက်ဖက်ရည်သောက်ဖို့ အကြံပေးကြပါတယ်။ အကြောင်းကတော့ ဒီလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများ တဲ့အတွက် ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေလို့ပဲ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ တခြားသူတွေ ရှူထုတ်တဲ့လေကို ပြန်လည် ရှူရှိုက်နေရတဲ့အတွက် ခရီးသွားချိန်မှာ ကိုယ်ခံစွမ်းအားစနစ်က အကောင်းဆုံး ဖြစ်နေသင့်ပါတယ်။

– လေယာဉ်ပေါ်တွင် အရက်ပါသော အရည် မသောက်ပါနှင့်
လေယာဉ်ပေါ်မှာ အရက်သောက်တာကြောင့် နုံးချည့်ညောင်းညာတဲ့ ဝေဒနာနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်တွေ ခံစားရတတ်တဲ့အတွက် အရက်က အဆိုးဆုံး ရန်သူပဲ ဖြစ်ပါတယ်။

– လေယာဉ်ပေါ်တွင် တရားမှတ်ပါ
လူအများစုဟာ လေယာဉ်ပေါ်မှာ ကောင်းကောင်း အနားရနိုင်ဖို့ မလွယ်ပါဘူး။ ခက်ပေမယ့် စိတ်ရော ကိုယ်ပါ အနားရဖို့တရားမှတ်ပါ။ မျက်စိမှိတ်ပြီး မလိုလားအပ်တဲ့ အတွေးတွေတွေကိုရပ်ကာ စိတ်ကို နှာသီးဝမှာပဲ အာရုံပြုရင်း ဝင်လေ၊ ထွက်လေမှတ်ပေးပါ။ လေယာဉ်စီးတဲ့အခါ သင့်အနေနဲ့ ပိုပြီး သက်သာသောင့် သက်သာ ရှိလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top